သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မည့် လောင်စာစွမ်းအင်နှင့် သွင်းကုန် အစားထိုးလုပ်ငန်း


19 March, 2019

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မည့် လောင်စာစွမ်းအင် မြန်မာနိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းကို သစ်တောသယံဇာတများဖြင့် ဖုံးလွှမ်းလျက်ရှိပါတယ်။ လွန်ခဲ့သည့်အနှစ် ၂၀ အတွင်း သစ်တောသယံဇာတများကို နိုင်ငံခြားငွေ ရရှိရေးနှင့် ပြည်တွင်းသုံးစွဲမှုအတွက် ပိုမိုထုတ်ယူခဲ့ကြ ပြီး နယ်စပ်ဒေသများမှ တရားမဝင် ခိုးထုတ်မှုများရှိသလို ပြည်တွင်းလောင်စာအဖြစ် အတားအဆီးမဲ့ အသုံးပြုကြခြင်းတို့ကြောင့် သစ်တောသယံဇာတများ သိသာစွာ လျော့နည်းခဲ့ရပါတယ်။

ထိုကြောင့်သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သစ်တောကဏ္ဍ၏ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုးကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၂၃ ရာခိုင်နှုန်း ထုတ်လုပ်နိုင်ရန် ရည်မှန်းထားခဲ့ကြပါတယ်။။ တစ်ဘက်တွင် သစ်တောဧရိယာကို ၅၈ ရာခိုင်နှုန်းအထိလျော့နည်း ပြန်လည်တိုးတက်စေရန် သစ်တောစိုက်ခင်းနှင့် ထင်းစိုက်ခင်းများ စိုက်ပျိုးလျက်ရှိခဲ့ပါတယ်။

သို့ရာတွင် ကျေးလက်နေပြည်သူများ၏ ၉၀ရာခိုင်နှုန်းမှာ ထင်း၊ မီးသွေးများကိုလောင်စာအဖြစ် အသုံးပြုနေရဆဲ ဖြစ်ပါတယ်။ သို့ဖြစ်ရာ သမားရိုးကျ ထင်း၊ မီးသွေး လောင်စာမှ ဓာတ်ငွေ့ရည်လောင်စာသို့ ပြောင်းလဲအသုံးပြုရန် အရေးတကြီးလိုအပ်လျက်ရှိပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့်လည်း ၂၀၃၀ ပြည့်နှစ်တွင် ထင်း၊ မီးသွေးလောင်စာသုံးစွဲမှုကို ထက်ဝက်ထိလျှော့ချပြီး ဓာတ်ငွေ့ရည်လောင်စာသို့ ပြောင်းလဲအသုံးပြုရန် စီမံလျက်ရှိခဲ့ပါတယ်။ ထိုစီမံကိန်းများသည် စာရွက်ပေါ်၌သာ မဟုတ်ဘဲ အမှန်တကယ် ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှသာ မြန်မာ့သစ်တော သယံဇာတကို ထိန်းသိမ်းနိုင်ပြီး ဓာတ်ငွေ့ လောင်စာများကို အကျိုးရှိစွာ အသုံးပြုနိုင်မည်လဲ ဖြစ်ပါတယ်။

ထိုကဲ့သို့ အပြောင်းအလဲတွင် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများ ပိုမိုပွင့်လင်းလာမည် ဖြစ်သကဲ့သို့ ဘေးအန္တရာယ် ကင်းရှင်းရေး စံချိန်စံညွှန်းများကိုလည်း အတိအကျလိုက်နာရန်လည်း လိုအပ်ပါတယ်။ သို့မှသာနိုင်ငံတော်၊ ပြည်သူနှင့်စီးပွားရေးလုပ်ငန်းများ အကျိုးရှိသည့် အခြေအနေတစ်ရပ်လည်း ဖြစ်ပါမယ်။

လက်ရှိအခြေအနေ
ပြည်တွင်း သွင်းကုန်အစားထိုး လုပ်ကိုင်လျက်ရှိသည့် စက်ရုံအလုပ်ရုံလုပ်ငန်းရှင်တို့သည် ထုတ်ကုန်မျိုးစုံတို့ကို ပြည်တွင်းဈေးကွက်ရရှိရေးအတွက် အခက်အခဲမျိုးစုံဖြင့် လှုပ်ရှားရုန်းကန် ရပ်တည်နေလျက် ရှိကြပါတယ်။ပြည်တွင်းရှိ အခြားသော ဒေသတွင်း နိုင်ငံများသို့ ခြေဦးပင် မလှည့်နိုင်ကြပါ။ ပြည်ပ နိုင်ငံခြားမှ တင်သွင်းလာသော ကုန်ချောအမျိုးမျိုးကို ခံစစ်ဖြင့် တွန်းလှန်နေကြရပါတယ် ။ နိုင်ငံခြားသွင်းကုန်ကုန်ချောအမျိုးမျိုးတို့ကလည်း ပြည်တွင်းဈေးကွက်ကို နေရာယူထားခဲ့ပြီးလဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ သုံးစွဲသူတို့ကလည်း နိုင်ငံခြားပစ္စည်းများကိုသာ ဈေးကြီးပေးသုံးစွဲကြသဖြင့် (Made in Myanmar) မိမိထုတ်ကုန်များသည် ဈေးကွက်တွင် မျက်နှာငယ်ကြရပါတယ်။"ဝံသာနုစိတ်ဓာတ်" အခံရှိသူတို့သာ မြန်မာထုတ်ပစ္စည်းများကို အားပေးအားမြှောက်ပြုရန်လဲ လိုအပ်ပါတယ်။

သို့ဖြစ်ရာ နိုင်ငံတကာတံဆိပ်တို့နှင့် အရည်အသွေးတူ သွင်းကုန်အစားထိုးပစ္စည်းတို့သည်ပင် အမြတ်အစွန်းကောင်းမရဘဲ လျော့ဈေးဖြင့် ဈေးကွက်ထိုးဖာက် ဝင်ရောက်လာခဲ့ပါတယ်။

မိမိထုတ်ကုန်များသည် ဈေးကွက်တွင် သုံးစွဲမှုမရှိပါက ရေရှည်တွင် သွင်းကုန်အစားထိုး ထုတ်ကုန်များမှာ မြန်မာကုန်အမှတ်တံဆိပ်များ တဖြည်းဖြည်း မှေးမှိန်ပြီး နိုင်ငံတကာတံဆိပ်များ လွှမ်းမိုးအုပ်စိုးသွားမည် ဖြစ်ပါတယ်။

အခက်အခဲပြဿနာများ
သွင်းကုန်အစားထိုး ထုတ်ကုန်များ ဦးမော့နိုင်ရန်အတွက် လက်ရှိတွင် ဖိစီးလျက်ရှိသော အချက်အခဲများစွာ အနက်မှ ကုန်သွယ်လုပ်ငန်းခွန် ၅%သည် နိုင်ငံခြားသွင်းကုန်များဖြင့် ယှဉ် ပြိုင်နိုင်ရန် ပြည်တွင်းလုပ်ငန်းရှင်များအတွက် ဖိစီးမှုတစ်ခု ဖြစ်နေခဲ့ပါတယ်။


အကြံပြု တင်ပြချက်များ

  • ပြည်တွင်းဖြစ်ကိုအားပေးပါ။
  • Made in Myanmar လှုံ့ဆော်မှုများကို နည်းမျိုးစုံ အသွင်မျိုးမျိုးဖြင့် သတင်းဖြန့်ချိဆောင်ရွက်ပေးရန် တင်ပြအပ်ပါတယ်။
  • Market မရှိလျှင် ကုန်ထုတ်သူများစွာလည်း မရပ်တည်နိုင်ပါ၊
  • သွင်းကုန်အစားထိုးပြည်တွင်း ကုန်ထုတ်လုပ်သူတို့သည် မြန်မာပြည်တွင်းအတွက်သာ ဈေးကွက်ရှိပါတယ်။ ပြည်တွင်းဈေးကွက်ကို အားယူပြီးမှသာ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ပါမယ်။၊ သို့ဖြစ်ရာ ပြည်တွင်း Project များ (ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် အခြား Myanmar Industory ကဏ္ဍများ)တွင် သွင်းကုန်အစားထိုးပြည်တွင်းဖြစ်ကို အနည်းဆုံး ရာခိုင်နှုန်းတစ်ခု သတ်မှတ်သုံးစွဲစေရန်အတွက် ချမှတ်ပေးပါရန် တင်ပြအပ်ပါတယ်။
  • အစိုးရဝန်ကြီးဌာနများ၊ အစိုးရဖက်စပ်လုပ်ငန်းများ၊ နိုင်ငံခြား ဖက်စပ်လုပ်ငန်းများနှင့် ပြည်တွင်းစီမံကိန်းများ၊ တင်ဒါဖိတ်ခေါ်ခြင်း၊ ဝယ်ယူခြင်းတို့တွင် သွင်းကုန်အစားထိုးပစ္စည်းများ ဦးစားပေးရန်။
  • World Bank တွင် ကျင့်သုံးသည့် တစ်ခု ဖြစ်သည့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းဖြစ် ကုန်ပစ္စည်းများသည် ဈေးနှုန်း ၁၅%ခန့် များနေသော်လည်း ပြည်တွင်းထုတ်ကုန်များကို ဦးစားပေးဝယ်ယူပေးသည့်မှုကို များပြားစေရန်
  • Japan standard, European standard, Korean standard စသည် စံတို့ဖြင့် သတ်မှတ် နေခြင်းအစား မြန်မာစံချိန်စံညွှန်း သတ်မှတ်ချက်ထားရှိသည့် ပစ္စည်းဖြစ်ပါက မြန်မာစံချိန် စံညွန်းဖြင့်သာ ဖိတ်ခေါ်ပေးရန်၊
  • အချို့တင်ဒါဖိတ်ခေါ်ခြင်းတွင် ပြည်တွင်းထုတ်လုပ်သည့်ပစ္စည်း ဖြစ်ရမည်ဟု ပါရှိပါတယ်။ သို့ပါသော်လည်း ( ပြည်တွင်းစက်ရုံ တွင် ထုတ်လုပ်သည့်) ပြည်တွင်းဖြစ်ဟူ၍ ဗန်းပြပြီး စီမံကိန်းတို့တွင် ပြည်ပမှ ကုန်ချောတင်သွင်းပြီး တင်ဒါသွင်းခြင်း အားတားမြစ်ပေးရန်၊
  • Export ပြုလုပ်သည့်အခါ Tax free စနစ် အစား Export ပြုလုပ်သည် Amount ပေါ်မှ အချို့သော တိုင်းပြည်တို့တွင် ကျင့်သုံးသကဲ့ Japan stadard Tax rebate ပေးသည့်စနစ် ကျင့်သုံးပေး နိုင်ပါရန် အကြံပြု တင်ပြအပ်ပါသည်။
Export, Import Read 425 times