ဥရောပသမဂ္ဂက မြန်မာ့ရေထွက်ထုတ်ကုန်များကို တင်ပို့ခွင့်ပြု


26 October, 2018

ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့က မြန်မာနိုင်ငံမှ ရေထွက်ထုတ်ကုန်များကို တင်ပို့ခွင့်ပြုခဲ့ပြီး အီးယူ၏ အဆိုပါဆုံးဖြတ်ချက်ကို မြန်မာ့ရေထွက်ထုတ်ကုန်လုပ်ငန်းရှင်များက ကြိုဆိုခဲ့သည်။

‘‘မြန်မာနိုင်ငံက ရေထွက်ထုတ်ကုန်တွေတင်ပို့ခွင့်ရဖို့ နှစ်ပေါင်းများစွာကြိုးစားလာခဲ့ရတဲ့ အီးယူစီမံကိန်းတွေနဲ့ပတ်သက်သူ တွေအတွက် ကြီးမားတဲ့အောင်မြင်မှုပါပဲ’’ ဟု မြန်မာနိုင်ငံမှ အီးယူစီမံကိန်းများတွင် အနီးကပ်ပါဝင်လှုပ်ရှားခဲ့သော ရေထွက်လုပ်ငန်းကျွမ်းကျင်သူ ဂျိုနာဗန်ဘိချ်နန်က ပြောသည်။

ယင်းမှာ မြန်မာနိုင်ငံနှင့် နိုင်ငံသားများအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး တစ်ခုတည်းသောကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံး ပင်လယ်စာဈေးကွက်သို့ မြန်မာ့ရေထွက်ထုတ်ကုန်များ တင်ပို့နိုင်သည့်အခွင့်အရေးဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။

၂၀၁၇ တွင် မြန်မာနိုင်ငံသည် ရေပြင်ဧရိယာဟက်တာ ၂၄၀,၀၀၀ အကျယ်အဝန်းမှ ပင်လယ်စာထွက်ကုန် စုစုပေါင်းအလေးချိန်တန် ၁,၀၄၈ သန်းထုတ်လုပ်ပြီး အဓိကအားဖြင့်ငါးကြင်းမျိုးစိတ်များနှင့် တီလားဗီးယားငါးများကို ပြည်တွင်းစားသုံးသူများနှင့် အခြားဒေသတွင်းနိုင်ငံများသို့ တင်ပို့ခဲ့သည်။

မြန်မာနိုင်ငံရှိ ပုစွန်လုပ်ငန်းရှင်များသည် အီးယူဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ကြိုးပမ်းနေသော်လည်း အစားအစာဘေး ကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အားနည်းခြင်းကြောင့် ယခင်ကတင်ပို့ခွင့်ပယ်ချခံရသည်။

အီးယူ၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး ကော်မရှင်က မြန်မာ့ရေထွက်ထုတ်ကုန်များ တင်ပို့ခွင့်ပြုရန်ဆုံးဖြတ်ခဲ့ပြီး မြန်မာနှင့် ပီရူးမှ ငါးလုပ်ငန်းထွက်ကုန်တင်ပို့ခွင့်ပြုရန် အီးယူ၏ ယခင်ပြဋ္ဌာန်းချက်အချို့ကို ပြန်လည်ပြင်ဆင်ခဲ့သည်။

7 day

Export, Import Read 525 times