ငွေလဲနှုန်းမှာ ယူရိုက ကန်ဒေါ်လာအောက် $0.9998 အထိ ဖြစ်တောင့်ဖြစ်ခဲ ကျဆင်း


14 July, 2022

ငွေလဲနှုန်းမှာ ယူရိုက ကန်ဒေါ်လာအောက် $0.9998 အထိ ဖြစ်တောင့်ဖြစ်ခဲ ကျဆင်း


ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၃)မှာ ယူရို တစ်ဒေါ်လာ $0.9998 အထိ ကျဆင်းခဲ့ပါတယ်။ ယခုနှစ်အတွင်း ၁၂% နီးပါး ထိုးကျခဲ့တာ ဖြစ်ပါတယ်။ 
ဥရောပအတွက် ဘုံသုံးစွဲတဲ့ တစ်ခုတည်းသော ငွေကြေးဖြစ်တဲ့ ယူရိုဒေါ်လာက နှစ်ပေါင်း ၂၀ အတွင်းမှာ  ပထမဆုံးအကြိမ်အဖြစ် ကန်ဒေါ်လာနဲ့ တန်းတူ ဖြစ်သွားခဲ့ပါတယ်။ 
ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၃)မှာတော့ တစ်ယူရိုကို $0.9998 အထိ ကျဆင်းခဲ့ပါတယ်။ ယခုနှစ်အတွင်း ၁၂% နီးပါး ထိုးကျခဲ့တာ ဖြစ်ပါတယ်။ 

နှစ်စမှ ယူကရိန်း စစ်ပွဲမတိုင်ခင်အထိ ယူရို မာနေခဲ့ပေမဲ့ စစ်ပွဲကြောင့် ဥရောပ စီးပွားကြီးထွားဖို့ကို ထိခိုက်နေလို့ ယူရို ပျော့ဆင်းလာခဲ့ပါတယ်။  အခုလို ၁ အမေရိကန် ဒေါ်လာအောက်အထိ ယူရို ကျဆင်းတာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပါတယ်။ 

၁၉၉၉ မှ စတင်ပေါ်ပေါက်လာခဲ့ပြီး ဥရောပရဲ့ တစ်ခုတည်းသော ငွေကြေးအဖြစ် ရပ်တည်ခဲ့ရာ ကာလတိုတစ်ရပ် အမေရိကန်ဒေါ်လာအောက်မှာ ရောက်ရှိနေခဲ့ဖူးပါတယ်။ ၂၀၀၀ အောက်တိုဘာလမှာ တစ်ယူရိုကို $0.82 အထိ ကျဆင်းခဲ့ပါတယ်။ 
ယူရို ငွေစက္ကူများနှင့် အကြွေစေ့များကို ၂၀၀၂ ဇန်နဝါရီလ ၁ ရက်မှာ စတင်သုံးစွဲခဲ့ပါတယ်။
သက်တမ်း နှစ်ပေါင်း ၂၀ အတွင်းမှာ ယူရိုက အမေရိကန်ဒေါ်လာပြီးရင်  နိုင်ငံခြားသုံးငွေ အရန်ရန်ပုံငွေအဖြစ် ထားရှိရန် ဒုတိယအများဆုံးဝယ်ယူကြတဲ့ ငွေကြေး ဖြစ်လာခဲ့ပါတယ်။ 

ဗြိတိသျှ ပေါင်းနှင့် ဂျပန်ယန်းတို့ကို ရွေးချယ်မှု ယခုနှစ်မှာ ကျဆင်းခဲ့ပါတယ်။ အမေရိကန် အတိုးနှုန်း မြှင့်တင်ထားတာကြောင့်လည်းကောင်း၊ ကမ္ဘာ့စီးပွားပျက်ကပ် စိုးရိမ်မကင်းဖြစ်ကြတာကတစ်ကြောင်းတို့ကြောင့် ကန်ဒေါ်လာကို ရင်းနှီးမြှုပ်နှံသူတို့ အဝယ်များလာကြပါတယ်။

အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် ဖြစ်တဲ့ ပြည်ထောင်စု အရန်ရန်ပုံငွေက ဇွန်လမှာ အတိုးနှုန်း မြှင့်တင် သတ်မှတ်ခဲ့တာကြောင့်လည်း အတိုးပိုရတဲ့ ကန်ဒေါ်လာဆီသို့ ရင်းနှီးမြှုပ်နှံသူတို့ ဦးလှည့်ကြပါတယ်။ ဥရောပ ဗဟိုဘဏ်က ဇူလိုင်လ ၂၁ ရက်မှာ ကျင်းပမယ့် အစည်းအဝေးမှာ မြှင့်တင်ဖွယ် ရှိပါတယ်။ ဒါပေမဲ့ ဥရောပ ဗဟိုဘဏ်က အတိုးနှုန်း မြှင့်တင်လိုက်ပြီးရင် အမေရိကန်ကလည်း အတိုးနှုန်း ထပ်မံမြှင့်တင်ပြီး ကန်ဒေါ်လာဆီ ရောက်လာအောင် လုပ်ဆောင်နိုင်ဖွယ် ရှိနေပါတယ်။ 
ဥရောပမှာ သဘာဝဓာတ်ငွေ့ အကျပ်အတည်း ဖြစ်ပေါ်နေလို့  စီးပွားရေး ကျဆင်းနိုင်ဖွယ် ရှိနေတာကြောင့်လည်း  ယူရို ထိခိုက်ပြီး တန်ဖိုး ကျဆင်းပါတယ်။ 
ကမ္ဘာ့တစ်လွှား လုပ်ကိုင်တဲ့ ဘဏ်လုပ်ငန်းအချို့တို့က ဥရောပ စီးပွားရေး တတိယ ၃ လပတ်မှာ ကျဆင်းမယ်လို့ ခန့်မှန်းထားကြပါတယ်။ 

ဥရောပသမဂ္ဂမှာ ပါဝင်နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ စီးပွားရေး အားနည်းတဲ့ နိုင်ငံများက ချေးငွေ ရယူလို့ ဖြစ်ပေါ်လာတဲ့ ကုန်ကျစရိတ်မြင့်တက်မှုကြောင့်လည်း ဥရောပ အားယုတ်လျော့ပြီး ယူရို ပျော့နေနိုင်ပါတယ်။ 

စီးပွားရေး အလားအလာ တိုးတက်ကောင်းမွန်မှု မရသေးသရွေ့ ယူရို အထိနာနေဦးမယ်လို့ ဆန်းစစ်သူများက ပြောကြားကြပါတယ်။ 
#MyanmarIndustriesGuide
https://t.me/Guid4U
Source Reuters
 

Banking & Loan Read 1189 times