Euromoney ရဲ့ မြန်မာဘဏ်လုပ်ငန်းကဏ္ဍ Asiamoney Best Bank Awards 2019


27 March, 2019

၁၉၆၉ ခုနှစ်မှာ လစဉ်ထုတ် မဂ္ဂဇင်းအဖြစ် စတင်အသက်ဝင်ခဲ့တဲ့ Euromoney ဟာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေတဲ့ မဂ္ဂဇင်း ဖြစ်ပါတယ်။

နိုင်ငံတကာ ငွေကြေးလုပ်ငန်းကဏ္ဍကို အဓိကထားလုပ်ကိုင်တဲ့ Euromoney Institutional Investor ရဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာရှိ ဘဏ်များကို စစ်တမ်းကောက်ယူပြီး ဆုစာရင်းကို နှစ်စဉ်ထုတ်ပြန်ကြေညာပေးပါတယ်။

အာရှနိုင်ငံများအတွက် တစ်နိုင်ငံချင်းအလိုက် Asiamoney best bank awards ဆုရစာရင်းကို ထုတ်ပြန်ကြေညာပေးပါတယ်။

မြန်မာနိုင်ငံအတွက် Asiamoney best bank awards 2019 ကို ထုတ်ပြန်ကြေညာခဲ့တာမှာ
Best domestic bank နဲ့ Best digital bank ကို KBZ ရရှိခဲ့ပြီး Best corporate and investment bank နဲ့ Best for premium banking services တို့ကိုတော့ CB က ရရှိခဲ့ပါတယ်။ OCBC က Bank Best international bank ကိုလည်းကောင်း၊ AYA Bank က Best bank for SMEs နဲ့ Best bank for CSR တို့ကို လည်းကောင်း ရရှိပါတယ်။ Best for Microfinance ကို Pact က ရရှိကြောင်း ဖော်ပြထားပါတယ်။

အရွေ့မြန်တဲ့ KBZ
KBZ အနေဖြင့် မြန်မာနိုင်ငံမှာ ဘဏ်ငွေလွှဲတဲ့ ဈေးကွက်မှာ ဝေစု ထက်ဝက်နီးပါး ရရှိခဲ့ပါတယ်။ ယခင် Standard Chartered bank မှာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး တိုင်ဝမ်မှ CTBC မှာ အမှုဆောင်အရာရှိချုပ် လုပ်ကိုင်ခဲ့သူ Mike de Noma က ပဲ့ကိုင်အဖြစ် လုပ်ကိုင်နေပါတယ်။ တစ်နေရာတည်းမှာ ဝန်ဆောင်မှုမျိုးစုံပေးနိုင်တဲ့ဘဏ်အဖြစ် လုပ်ကိုင်လျက်ရှိပြီး ဒစ်ဂျစ်တယ်အပိုင်းမှာလည်း KBZPay ဖြင့် အောင်မြင်မှု ရရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဘဏ်စာရင်း ဖွင့်လှစ်ထားခြင်း မရှိတဲ့ လူဦးရေ များပြားတာမို့ အဲဒီလူဦးရေဆီကို ထိုးဖောက်ရောက်ရှိဖို့ KBZPay နဲ့ တံတားထိုးဖို့ ရည်ရွယ်ပါတယ်။ စတင်ခဲ့ပြီး ၆ လ အကြာမှာ KBZPay သုံးစွဲသူ တစ်သန်းကို ရောက်ရှိခဲ့ပြီး ကိုယ်စားလှယ်ဦးရေ လေးသောင်း ပြည့်ခဲ့ပါတယ်။

app ကို အသုံးပြုပြီး ငွေလွှဲတာ၊ ငွေပေးချေတာတွေ ၅ ဆ ပိုများခဲ့ပြီး ဈေးကွက်ဝေစု ၄၀% ကျော်ကို ရရှိတယ်လို့ ခန့်မှန်းပါတယ်။ ဘဏ်တစ်ခုနဲ့တစ်ခု ငွေလွှဲတာကို ဗဟိုဘဏ်က ခွင့်ပြုဖို့ လုပ်ဆောင်တဲ့အခါမှာ အရွေ့မြန်တဲ့ KBZ က လက်ဦးမှု ရယူပြီး ဈေးကွက်ကို ကြီးစိုးထားနိုင်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။

Startups တို့အတွက် CB Bank
ယခုနှစ်မှာ CB Bank က ရေနံနှင့်ဓာတ်ငွေ့တို့နဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းတွေအတွက် letters of credit ထုတ်ပေးတာကို ရရှိထားတယ်။ နိုင်ငံခြားငွေလဲလှယ်တဲ့ကဏ္ဍမှာလည်း ဦးဆောင်နေရာကို ရရှိထားတယ်။ တရုတ်မြန်မာ နယ်ခြားကုန်သွယ်ရေး၊ ထိုင်းမြန်မာ နယ်ခြားကုန်သွယ်ရေးတို့မှာ ဘဏ်လုပ်ငန်းဌာန လေးနေရာ ဖွင့်လှစ်လုပ်ကိုင်လျက် ရှိတယ်။ ဆွစ်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Seedstars နဲ့ အတူလက်တွဲပြီး ငွေကြေးနည်းပညာ လုပ်ငန်းသစ် startup တွေကို စူးစိုက်လုပ်ကိုင်လျက် ရှိတယ်။ fintech တွေ startups တွေနဲ့ လုပ်ကိုင်သွားဖို့ ရှိနေတယ်။ အက်ပ်သုံး တက္ကဆီအငှား ဝန်ဆောင်မှုလုပ်ငန်း Grab နဲ့ ချိတ်ဆက်ထားပြီး Grab ရဲ့ ယာဉ်မောင်းတွေအတွက် ဘဏ်စာရင်း ဖွင့်လှစ်လုပ်ကိုင်ပေးလျက် ရှိတယ်။

CB Bank ဟာ မြန်မာနိုင်ငံမှာ premium banking ကို ၂၀၁၅ ခုနှစ်မှာ လမ်းသစ်ထွင်ခဲ့တယ်။ ချမ်းသာကြွယ်ဝတဲ့သူတွေက သူတို့ရဲ့ ငွေတွေကို စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာသာ ထားဖို့ အားသန်ကြတယ်။ CB Bank ဆီမှာ ထားဖို့ လုပ်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အပ်နှံသူ ၅၀% တိုးခဲ့တယ်။ ဒါပေမဲ့ Prestige အတွက် သတ်မှတ်ချက်က အမေရိကန် ဒေါ်လာ နှစ်သိန်း ဖြစ်ပြီး နိုင်ငံတကာစံနဲ့ နှိုင်းယှဉ်လျှင် နိမ့်နေတယ်။ ယခုနှစ်မှာတော့ လူသစ်တန်းကို အမေရိကန်ဒေါ်လာ ၇ သိန်းသို့ တိုးမြှင့်သတ်မှတ်ဖို့ စီစဉ်နေတယ်။

Best for microfinance Award ရတဲ့ Pact Myanmar ဟာ NGO အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အမြတ်အစွန်း မရှာတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ စတင်လုပ်ကိုင်ခဲ့ပြီး USAid, 3MDG, Chevron, Coca Cola နဲ့ Ooredoo အစရှိတဲ့ လုပ်ငန်းတွေထံမှ ရန်ပုံငွေ ရရှိခဲ့ပါတယ်။ ၎င်းရဲ့ ဖွံ့ဖြိုးမှု အစီအစဉ်မှာ လူဦးရေ ၃ သန်း အထိ ရှိနေပါတယ်။

လုပ်ကိုင်တဲ့ စီမံကိန်းတွေ စုစုပေါင်း တန်ဖိုးက အမေရိကန်ဒေါ်လာ ၆၂ သန်း ရှိပါတယ်။ Pact ရဲ့ Global Microfinance Fund ဟာ မြန်မာနိုင်ငံရဲ့ အသေးစားချေးငွေကဏ္ဍမှာ ဦးဆောင်နေပြီး ချေးယူသူ ဦးရေ ရှစ်သောင်း ရှိပါတယ်။ ချေးယူသူတွေမှာ ၉၈% ဟာ အမျိုးသမီးများ ဖြစ်ပါတယ်။ မြို့နယ်ပေါင်း ၅၀ ကျော် ရွာပေါင်း ၇၀၀၀ ကျော်မှာ လုပ်ကိုင်လျက် ရှိပါတယ်။ Pact ရဲ့ ဖွံ့ဖြိုးမှု လုပ်ဆောင်ချက်တွေဟာ မြို့နယ်ပေါင်း ၇၅ ခုနဲ့ ကျေးရွာ တစ်သောင်းနီးပါးတို့မှာ နေထိုင်လျက်ရှိတဲ့ အိမ်ထောင်စုပေါင်း တစ်သန်းကျော် ပါဝင်ပတ်သက်နေပါတယ်။

Banking & Loan Read 405 times