မြန်မာနှင့် ယူနန်ပြည်နယ် နှစ်နိုင်ငံကုန်ဖလှယ်မှုစနစ် မေလ၌ စတင်မည်


23 April, 2019

မြန်မာနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရတို့ နှစ်နိုင်ငံကုန်ဖလှယ်မှုစနစ် မေလ၌ စတင်နိုင်ရန် ဧပြီ ၂၁ရက်က နေပြည်တော်တွင် နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က MoU ထိုးတာကတော့ ဆန်တင်မကဘူး။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ၊ မွေးမြူရေးထွက်ကုန်တွေကို တရုတ်နိုင်ငံကို တင်ပို့ရောင်းချဖို့အတွက်ရယ်။ မြန်မာနိုင်ငံက လိုအပ်တဲ့ တရုတ်နိုင်ငံထွက် ဆောက်လုပ်ရေးပစ္စည်းတွေ၊ ဓာတ်မြေသြဇာ၊ အခြားစက်မှုလုပ်ငန်းသုံး ပစ္စည်းတွေကို တင်သွင်းတဲ့ နှစ်နိုင်ငံကုန်ဖလှယ်တဲ့စနစ်ကို စတင်လုပ်ဆောင်ဖို့ပါလို့ ပြောပါတယ်။

အဆိုပါ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနနှင့် ယူနန်ပြည်နယ် ကူမင်းပြည်သူ့အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။

"နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကျွန်တော်တို့နယ်စပ်မှာရှိတဲ့ ယူနန်ပြည်နယ်နဲ့ ကုန်သွယ်မှုလုပ်နိုင်ဖို့ ရည်ရွယ်ပြီး နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်တာပါ။ ဒီအစီအစဉ်က မေလမှာ စပြီးတော့လုပ်နိုင်အောင် ဆက်လက်ဆောင်ရွက်သွားမှာပါ" လို့ ဦးရဲမင်းအောင်က ဆက်လက်ပြောပါတယ်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်ကိုတာစနစ်ဖြင့် ဆန်တန်ချိန်လေးသိန်းတင်ပို့ရန် ဆွေးနွေးနေဆဲဖြစ်ကာ မေလတွင် အခြေအနေသိရှိနိုင်မှာဖြစ်ပြီး၊ ဆန်ထွက်ပစ္စည်းများဖြစ်သည့် ဆန်မှုန့်၊ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဆံ၊ ဆန်ကွဲ စသည်တို့ကို ပြည်တွင်း၌ ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် တရုတ်အစိုးရနှင့် ညှိနှိုင်ဆွေးနွေးနေပါတယ်။

အိုင်ဗရီကို့စ်နိုင်ငံက မြန်မာ့ဆန်တန်ချိန် ၁၈၀ဝ၀ ကို စားသုံးရန်မသင့်ဆိုကာ ဖျက်ဆီးခဲ့မှုမှာလည်း ယခုအစီအစဉ်အား ထိခိုက်နိုင်မဟုတ်ဘူးလို့ ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။

 

Export, Import Read 1017 times