စင်ဒေါ်လာ-ရင်းဂစ် ငွေလဲနှုန်း ၅ နှစ်တာအတွင်း အမြင့်မားဆုံးဖြစ်


24 April, 2022

စင်ဒေါ်လာ-ရင်းဂစ် ငွေလဲနှုန်း ၅ နှစ်တာအတွင်း အမြင့်မားဆုံးဖြစ်

စင်ကာပူဒေါ်လာ(SGD)- မလေးရှားရင်းဂစ် (MYR) ငွေလဲနှုန်းသည် ဧပြီလ ၂၁ ရက် ကြာသပတေးနေ့မှာ ၅နှစ်တာကာလ အမြင့်မားဆုံး ရောက်ခဲ့ပြီး ငွေလဲလှယ်သည့်ဆိုင်တွင် ရင်းဂစ် ၁သိန်းဖိုး လာလဲသူ ရှိခဲ့သည်။

နောက်တစ်နေ့တွင် ငွေလဲနှုန်း အနည်းငယ်ကျဆင်းခဲ့သော်လည်း moneychanger များတွင် ငွေလာလဲသူများ များပြားနေဆဲ ဖြစ်သည်ဟု Shin Min Daily News တွင် သတင်းဖော်ပြထားသည်။ 

People's Park Complex တွင် တည်ရှိသော Crante Money Changer ပူးတွဲပိုင်ရှင်က Shin Min သို့ ပြောကြားသည်မှာ ငွေလဲနှုန်းသည် ဧပြီလ ၁၄ ရက်တွင်  ၁ စင်ကာပူဒေါ်လာကို မလေးရှားရင်းဂစ် ၃.၀၇ ရှိခဲ့ပြီး ၂၁ ရက်တွင် ၃.၁၀ သို့ မြင့်တက်ခဲ့သည်။

ထိုသို့မြင့်တက်ရသည်မှာ စင်ကာပူငွေကြေးအာဏာပိုင် Monetary Authority of Singapore (MAS) က စင်ကာပူဒေါ်လာကို ချိန်ညှိမှုများ လုပ်ဆောင်ခဲ့သောကြောင့်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ငွေလဲနှုန်းသည် ဖေဖော်ဝါရီလကုန်ပိုင်းမှ စ၍ မြင့်တက်လာခဲ့ကြောင်း ၎င်းက ပြောကြားသည်။

၎င်း၏ဆိုင်တွင် ငွေလာလဲသူတစ်ဦးက ရင်းဂစ် တစ်သိန်းဖိုး လာလဲသွားကြောင်း ၊ဧပြီလ ၂၁ ရက် တွင် စုစုပေါင်း ရင်းဂစ် ၄ သိန်းနီးပါး စံချိန်တင် လဲပေးခဲ့ရသည်ဟု ၎င်းက ပြောကြားသည်။ 

Money Changers Association အတွင်းရေးမှူး Oli Mohamed က ငွေလဲနှုန်းမြင့်တက်နေသည်မှာ မှန်သော်လည်း ၁ စင်ကာပူဒေါ်လာကို ၃.၁၅ ရင်းဂစ် နှုန်းထားဖြင့် လဲပေးသည့်ဆိုင် ရှားသည်ဟု ပြောကြားသည်။ 

Raffles City Shopping Centre မှ Clifford Gems & Money Exchange နွင် ဧပြီလ ၂၁ ရက်မှာ ငွေလဲနှုန်းမှာ ၃.၁၁၅ ဖြစ်ပြီး ယခင်အပတ်က ၃.၀၈ မှ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
 
ငွေလဲသည့်ဆိုင်များတွင် ဧပြီလ ၂၁ ရက်တွင် ငွေလာလဲသူဦးရေ ပုံမှန်ထက် ၁၀% ဝန်းကျင် ပိုမိုများပြားခဲ့သည်။

Banking & Loan Read 3026 times