ယခုဘဏ္ဍာနှစ်သုံးလတာအတွင်းပို့ကုန်တင်ပို့မှုတွင်လယ်ယာထွက်ကုန်ကဏ္ဍမှ ၂၇ ရာခိုင်နှုန်းဖြင့်ဦးဆောင်


05 February, 2021

လက်ရှိဘဏ္ဍာနှစ်သုံးလတာအတွင်းပြည်ပနိုင်ငံများသို့ကုန်စည်တင်ပို့မှုတွင်လယ်ယာပို့ကုန်တင်ပို့မှုက ၂၇ ရာခိုင်နှုန်းဖြင့်ထိပ်ဆုံးမှဦးဆောင်ရပ်တည်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခုဘဏ္ဍာနှစ်သုံးလအတွင်းပြည်ပတင်ပို့မှုတွင်သဘာဝဓာတ်ငွေ့တင်ပို့မှုမှာပို့ကုန်အားလုံး၏ ၂၃ ရာခိုင်နှုန်း၊ အထည်ချုပ်တင်ပို့မှု ၁၆ ရာခိုင်နှုန်း၊ သတ္တုတွင်းထွက်တင်ပို့မှု ၈ ရာခိုင်နှုန်း၊ ရေထွက်ပစ္စည်းတင်ပို့မှု ၆ ရာခိုင်နှုန်း၊ သစ်တောထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် အခြားပစ္စည်းများမှ ၂၂ ရာခိုင်နှုန်း၊ လယ်ယာထွက်ကုန်တင်ပို့မှုက ၂၇ ရာခိုင်နှုန်းဖြင့်အသီးသီးရပ်တည်နေသဖြင့် လယ်ယာထွက်ကုန်တင်ပို့မှုသည် အများဆုံးဖြစ်နေကြောင်းသိရသည်။

ပြည်ပကုန်သွယ်မှုပမာဏတွင်ယခုဘဏ္ဍာနှစ်သုံးလအတွင်း(ဧပြီလမှဇွန်လတတိယပတ်အထိ) ပို့ကုန်အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလျံဖိုးတင်ပို့နိုင်သကဲ့သို့သွင်းကုန်အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလျံကုန်သွယ်မှုပြုနိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏစုစုပေါင်းသည်အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလျံထိရှိ ကြောင်းသိရသည်။

ယခုဘဏ္ဍာနှစ်သုံးလအတွင်းကုန်သွယ်မှုသည်ယခင်ဘဏ္ဍာနှစ်ကာလတူထက်ပို့ကုန်အမေရိကန်ဒေါ်လာသုည ဒသမ ၅ ဘီလျံပိုမိုသကဲ့သို့ သွင်းကုန်အမေရိကန်ဒေါ်လာ သုည ဒသမ ၈ဘီလျံပိုမိုကုန်သွယ်ခဲ့ကာ စုစုပေါင်းအားဖြင့် ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံပိမိုဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။

ထို့သို့ကုန်သွယ်မှုများပြုလုပ်ရာတွင်နိုင်ငံပိုင်ကဏ္ဍမှအမေရိကန်ဒေါ်လာသုညဒသမ ၉ ဘီလျံ၊ ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံတင်ပို့နိုင်ခဲ့သည်ကိုကြည့်ခြင်းဖြင့်ပုဂ္ဂလိကကဏ္ဍမှ တင်သွင်းမှုတန်ဖိုးအမေရိကန်ဒေါ်လာနှစ်ဘီလျံသာရှိခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှတင်သွင်းမှုတန်ဖိုးအမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလျံရှိသည့်အတွက် ပုဂ္ဂလိကကဏ္ဍမှ ၉၆ ရာခိုင်နှုန်းပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။

ပြည်ပသွင်းကုန်တင်သွင်းမှုအနေဖြင့် ယခုနှစ်ရေနံထွက်ပစ္စည်း၊ လေယာဉ်နှင့်လေယာဉ်အပိုပစ္စည်းများ၊ ဓာတုဗေဒချည်ခင်များ၊ စက်နှင့်စက်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ စားအုန်းဆီများ၊ ဓာတ်မြေသြဇာများကို ယခင်နှစ်ထက်ပိုမိုတင်သွင်းခဲ့သည်။

ထို့ပြင်ပို့ကုန်ကဏ္ဍတွင်ပဲအမျိုးမျိုး၊ ဆန်၊ ပြောင်းတို့ကိုပိုမိုတင်ပို့နိုင်ခဲ့သည်။

လယ်ယာထွက်ကုန်များပြည်ပနိုင်ငံများသို့ပိုမိုတင်ပို့နိုင်ရေးမှာအရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းများရရှိရေးအတွက် တောင်သူများအနေဖြင့်ကောင်းမွန်သောသွင်းအားစုများထည့်သွင်းရန် လိုအပ်သကဲ့သို့သွင်းအားစုများထည့်နိုင်ရန်အတွက်ဘဏ္ဍာငွေတောင့်တင်းမှုမှာခက်ခဲသည့်အခြေအနေတစ်ရပ် ဖြစ်နေကြောင်းသိရသည်။

Source:thefarmermedia

Export, Import Read 1147 times