၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသော ကုမ္ပဏီ ၃၅၆ ခု စာရင်း ထုတ်ပြန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသော ကုမ္ပဏီများအား အသိပေးကြေညာချက် ထုတ်ပြန်ပါသည်။
၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ ပို့ကုန်ရငွေများအား မိမိပို့ကုန်ရငွေ ဝင်ရောက်ခဲ့သည့် ဘဏ်များနှင့် ဆက်သွယ်စာရင်းရှင်းလင်းရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှတစ်ဆင့် ဆက်သွယ် အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။
ဘဏ်များနှင့် ဆက်သွယ်စာရင်း ရှင်းလင်းရန် ကျန်ရှိသည့် ကုမ္ပဏီများအနေဖြင့် ယခုကြေညာသည့်နေ့မှစ၍ သတ်မှတ်ကာလ ရက်ပေါင်း (၃၀) အတွင်း စာရင်းရှင်းလင်းခြင်းမရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်/သွင်းကုန် ဆိုင်ရာလုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ . ပြဋ္ဌာန်းချက် များအရလည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေထားပါသည်။
၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသော ကုမ္ပဏီ ၃၅၆ ခု စာရင်းကို ဖော်ပြအပ်ပါသည်။