စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍမှ ထုတ်ပြန်သည့် ပို့ကုန်စီမံကိန်းအတွက် အလားအလာရှိသည့် ကဏ္ဍငါးခု
မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ တိုးတက်လာရန် အမျိုးအသားပို့ကုန် မဟာဗျုဟာ စီမံကိန်းမှာ အလားအလာရှိသည့် ကဏ္ဍငါးခုကို ထပ်မံထည့်သွင်းထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သိရသည်။
အသစ်ထပ်မံထည့်သွင်းထားသည့် ကဏ္ဍများတွင် လယ်ယာထွက်ပစ္စည်း၊ အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်း၊ အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍ၊ လက်မှုအနုပညာပစ္စည်းကဏ္ဍနှင့် သတင်းအချက်အလက်နှင့် နည်းပညာ ကဏ္ဍများဖြစ်ကြောင်းသိရပါသည်။
ထိုမဟာဗျူဟာကို စတင်ရေးဆွဲချိန်တွင် အရေအတွက် ကန့်သတ်ချက်အရရော အခြား sector များကို ဦးစားပေးရသည့် အတွက်ရော ယင်းကဏ္ဍကို မထည့်ခဲ့နိုင်ပေ။
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍကိုလည်းမထည့်တွက်နိုင်ကြောင်းမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှုးမှ ပြောကြားသည်။
မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့အနေဖြင့် အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်း (National Export Strategy NES) ကိုအရင်ဦးစားပေးကဏ္ဍ ခုနှစ်ခုနှင့် အထောက်အကူပြု ကဏ္ဍလေးခုတို့နှင့် ရေးဆွဲခဲ့ပါသည်။
လက်ရှိအချိန်တွင် နောက်ထပ်ထည့်သွင်းလိုက်သည့် ကဏ္ဍ ငါးခုသည် ပို့ကုန်ကဏ္ဍ တိုးတက်ရန် အလားအလာရျီသည့် ကဏ္ဍများဖြစ်သောကြောင့် ထပ်မံထည့်သွင်းလိုက်ရ ခြင်း ဖြစ်ကြောင်း သိရပါသည်။
ပို့ကုန်ကဏ္ဍတွင် သစ်သီးဝလံဟင်းသီးဟင်းရွက် ကဏ္ဍကဲ့သို့ ထည့်သွင်းလိုက်သည့်အတွက် လတ်တလောတွင် သိပ်မသိသာသော်လည်း နောင်တချိန်တွင် နိုင်ငံခြားဝင်ငွေများ ပိုပြီး တိုးလာနိုင်သည် ဟု ဟင်းသီးဟင်းရွက်၊ ပန်းမန်နှင့် သစ်သီးဝလံများတင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။
လက်ရှိတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့အနေဖြင့် သည်ပို့ကုန်မဟာဗျူဟာ စီမံကိန်းကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် သတ်မှတ်အကောင်အထည်ဖော် နေကြောင်း သိရပါသည်။
Source:Kumudra journal