ပို့ကုန် မဟာဗျူဟာ


23 November, 2018

အမျိုးသား ပို့ကုန်မဟာဗျူဟာ NESတွင်ပါဝင်သည့် ကုန်စည်များအနက်မှဆန်တင်ပို့မှုသည် ယခုနှစ်ဧပြီလမှစက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း၌ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁ဒသမ၅သန်းအထိတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ 

အဆိုပါကဲ့သို့ ပြည်ပသို့ ဆန်တင်ပို့နိုင်မှု ကြောင့် ၂ဝ၂ဝခုနှစ်တွင် ဆန်တန်ချိန် ၄ သန်းအထိ တင်ပို့နိုင်ရန်မျှော်မှန်းထားချက် ပြည့်မီရန်လျာထားချက်ကို ရောက်ရှိတော့မည့် သဘောဖြစ်ကြောင်း သိရပါတယ်။

''အခုက ထင်ထားတာထက်အများကြီး တင်ပို့နိုင်ခဲ့တာဖြစ်တဲ့အတွက် ၂ဝ၂ဝခုနှစ် မတိုင်မီမှာခန့်မှန်းထားတာထက်တောင် ကျော်လွန်ပြီး တင်ပို့နိုင်မယ်လို့ထင်ပါတယ်''ဟု အဆိုပါဝန်ကြီးဌာနမှလက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က MBTသို့ ပြောခဲ့ပါတယ်။

NES တွင်ပါဝင်သည့် နောက်ကဏ္ဍတစ်ခု ဖြစ်သည် အထည်အလိပ်တင်ပို့မှုမှ လက်ခ စားချုပ်ထည်တင်ပို့နိုင်မှုသည်လည်း ဧပြီ လမှ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း၌ ၂ဒသမ၂ဘီလီယံအထိ ရရှိခဲ့ပြီးယခင်နှစ်ထက် ၁ ဘီလီယံတိုးတက်လာကြောင်း သိရပါတယ်။

လက်ရှိတွင် အဆိုပါဗျူဟာအတွင်း သစ် သီးဝလံ၊ လယ်ယာထွက်ကုန်များ၊ ကျောက် မြတ်ရတနာပစ္စည်း၊ လက်မှုပစ္စည်းနှင့် ICTဆိုင်ရာ ဝန်ဆောင်မှုများကို ကုန်စည်ကဏ္ဍအသစ်အဖြင့် ထည့်သွင်းရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းမှုများပြုလုပ် နေလျက်ရှိပြီး မကြာမီကာလအတွင်း ပို့ကုန် မဟာဗျူဟာတွင်ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Myanmar business today

Export, Import Read 1317 times