ပြည်ပသို့ ရွှေတင်ပို့၊ တင်သွင်းရန် ဗဟိုဘဏ်ခွင့်ပြုချက် စောင့်ဆိုင်းနေခဲ့ရ


26 November, 2018

ပြည်ပသို့ ရွှေတင်ပို့၊ တင်သွင်းခြင်းကို တရားဝင်ခွင့်ပြု ထားသည်မှာ ၁၀ လကျော် ပြီဖြစ်သော်လည်း တရားဝင် ဆောင်ရွက်သည့် ရွှေလုပ်ငန်းရှင်တစ်ဦးမျှ မရှိသေးကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်းနှင့် ပြည် တွင်းရွှေလုပ်ငန်းရှင်များက ပြောခဲ့ပါတယ်။

ရွှေတင်ပို့၊ တင်သွင်းရန်ကုမ္ပဏီအချို့ စာရင်းပေးထားသော်လည်း ဗဟိုဘဏ် ခွင့်ပြုချက်ရရန် စောင့်ဆိုင်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောခဲ့ပါတယ်။

 ‘‘ဗဟိုဘဏ်ကို တင်ပြနေတယ်။ ဗဟိုဘဏ်က ခွင့်ပြုချက်ကို ထိုင်စောင့်နေတယ်။ ဥပဒေထဲမှာက ဗဟိုဘဏ်ခွင့်ပြုချက်ရမှ ရွှေသွင်းတာ၊ ရွှေထုတ်တာလုပ်ရမယ်’’ဟု ဦးမျိုးမြင့်က ပြောခဲ့ပါတယ်။

‘‘ကုန်သွယ်ရေးပါတဲ့ ဌာန ဆိုင်ရာတွေနဲ့ ဆွေးနွေးနေတယ်။ လိုင်စင်ကတော့ သူတို့ခွင့်ပြုတာပါ။ နိုင်ငံတကာစံနှုန်းတွေပြည့်ပြီဆိုမှ ဗဟိုဘဏ်ကို တင်ကြမှာ’’ဟု ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

အစိုးရက ရွှေပြည်ပတင်ပို့၊ တင်သွင်းခြင်းကို ယခုနှစ် ဇန်နဝါရီတွင် ပထမဆုံးတရားဝင်ခွင့်ပြုကြောင်း ကြေညာပြီး One Stop Service ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Culture Valley ၌ စက်တင်ဘာ ၂၄ ရက်တွင် ဖွင့် လှစ်ခဲ့ပါတယ်။One Stop Service သည် ရွှေတင်သွင်း၊ တင်ပို့ခြင်းကို တစ် နေရာတည်းအပြီး ဆောင်ရွက်မည့် စင်တာဖြစ်ပြီး အစိုးရက အဆိုပါလုပ်ငန်းကို မြန်မာရွှေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီသို့ လုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။

သို့သော် လက်ရှိတွင် ရွှေလုပ်ငန်းရှင်များက အခွန်ကောက်ခံနှုန်း မြင့်နေခြင်းကြောင့် အဆိုပါ စင်တာကို အသုံးမပြုဘဲ တရားမဝင် လမ်းကြောင်းကသာ ဆောင် ရွက်နေဆဲဖြစ်သည်ဟု အောင်သ မာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းက ပြောခဲ့ပါတယ်။

 ‘‘တကယ်လုပ်စေချင်ရင် အခွန်မသတ်သေးဘဲ လွှတ်ထားပေးမှ ရမယ်။ သူတို့ကောက်တဲ့ ရာခိုင်နှုန်းက လုပ်နိုင်တဲ့ ရာခိုင်နှုန်း မဟုတ်တော့ ဒီအတိုင်းတောင် မနည်းလုပ်နေရတာ။နာမည်ကြီး ရွှေဆိုင်တွေက တစ်ယောက်မှ မသွားကြဘူး အသင်းကလူလည်း မသွားကြဘူး’’ဟု ဦးအောင်ဆန်းဝင်းက ပြောခဲ့ပါတယ်။

One Stop Service စင်တာ ဖွင့်လှစ်ရခြင်းသည် ရွှေလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးဖြစ်ပြီး အစိုးရ၏ ကြိုးနီစနစ်များ ဖြေလျှော့ကာ ရွှေတင်ပို့၊ တင်သွင်းခြင်းကို တစ်နေရာတည်း အပြီးဆောင်ရွက်ပေး မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။လက်ရှိတွင် ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ဈေးထက်မြင့်ပါ က တရုတ်နိုင်ငံဘက်မှ တရားမဝင် ရွှေများဝင်ရောက်လေ့ရှိပြီး ကမ္ဘာ့ရွှေဈေးထက်နိမ့်ပါက တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ လေ့ရှိသည်ဟု ရွှေလုပ်ငန်းရှင် ဦးမင်းမင်းက ပြောခဲ့ပါတယ်။

 7 Day

Banking & Loan Export, Import Read 524 times