ကန်ဒေါ်လာ ၇ ဒသမ ၉၃ ဘီလီယံကျော်ဖိုး စက်မှုကုန်ချော ပြည်ပသို့ တင်ပို့ခဲ့


14 August, 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇူလိုင် ၃၁ ရက်အထိ ၁၀ လအတွင်း စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၇ ဒသမ ၉၃ ဘီလီယံကျော် ရရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ

ပြည်ပပို့ကုန်များအနက် စက်မှုကုန်ချောကဏ္ဍသည် ပို့ကုန်ပမာဏ အများဆုံး ဖြစ်ပြီး ယင်းနောက်တွင် လယ်ယာထွက်ကုန် နှင့် သတ္တုတွင်းထွက်တို့ အသီးသီး ရှိသည်။

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စက်မှုကုန်ချောတင်ပို့မှုသည် ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆၃ ဘီလီယံကျော် လျော့နည်းသွားခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အလားတူကာလတွင် ၈ ဒသမ ၁၉ ဘီလီယံကျော် ရရှိသည်။

မြန်မာနိုင်ငံ၏ အဓိက ပြည်ပပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း ၊ တိရစ္ဆာန်ထွက် ၊ ရေထွက် ၊ သတ္တုတွင်းထွက် ၊ သစ်တောထွက် ၊ စက်မှုကုန်ချောတို့ ဖြစ်ကြသည်။

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံ၏ ပြည်ပတင်ပို့မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆ ဘီလီယံကျော် ရှိပြီး သွင်းကုန်မှာ အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၃ ဘီလီယံကျော် ရှိသည်။

နိုင်ငံ၏ ကုန်သွယ်မှု ပမာဏ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြုလုပ်ပြီး နယ်စပ်ကုန်သွယ်မှုကို အိမ်နီးချင်းနိုင်ငံများ နှင့် နယ်စပ်ဂိတ် ၁၇ ခုမှတစ်ဆင့် ပြုလုပ်လျက် ရှိသည်။

စက်မှု ကုန်သည်အသင်း (UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားရာတွင် “ပြည်ပက အခု COVID-19 ကြောင့် Supply Chain ကို အဟန့်အတား ဖြစ်သွားတာတွေလည်း ရှိသလို သူတို့ မလိုတော့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

သူတို့ အကြောင်းပြချက်ကတော့ သူတို့ရဲ့ ပုံမှန် လည်ပတ်မှု နည်းနည်း တုံ့ဆိုင်းသွားတယ်လို့ ထင်ပါတယ်။ တုံ့ဆိုင်းသွားတော့ မြန်မာနိုင်ငံကဟာတွေလည်း သူတို့ မဆွဲတော့ဘူးပေါ့။ အော်ဒါတွေလည်း ထပ်မရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ပြန်တော့ ဦးမော့ဖို့ ရှိပါတယ်။ အခုပုံစံအတိုင်း သွားမယ်ဆိုရင်တော့ ပြန်ကောင်းလာမှာပါ” ဟု ခန့်မှန်းပြောကြားခဲ့သည်။

Export, Import Read 1995 times