၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံပေါင်း ၄၀၀ ကျော်ကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိမရှိ လိုက်လံစစ်ဆေးသွားမည်


05 January, 2021

၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကြီးစား အလတ်စား အသေးစား စက်ရုံများအနက် စက်ရုံပေါင်း ၄၈၀ အထိကို ပတ်ဝန်းကျင်ညစ်ညမ်းမှုရှိမရှိ ရေအသုံးချမှုနှင့် စွန့်ပစ်စနစ်များကို အဓိကထား၍ အလှည့်ကျစစ်သွားမှာဖြစ်ပြီး ယင်းသို့ စစ်ဆေးရာတွင် ဓာတ်ခွဲစစ်ဆေးရန် ရှိပါက ဓာတ်ခွဲခန်းသို့

ပေးပို့စစ်ဆေးသွားမည်ဖြစ်ကာ သတ်မှတ်အရည်အသွေး မပြည့်မီ၍ ပြုပြင် လုပ်ဆောင်စေရာတွင် စက်ရုံတွေဘက်မှ အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက်နိုင်အောင်တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

ယင်းသို့ စစ်ဆေးရာတွင် COVID - 19 ကပ်ရောဂါ ဖြစ်ပွားနေမှုကာလအတွင်း ကန့်သတ်ချက်များဖြင့် စက်ရုံ အလုပ်ရုံများကို ဖွင့်လှစ်ခွင့်ပြုထားရာ လည်ပတ်နေသည့် စက်ရုံများ လျော့နည်းသွားသဖြင့် သတ်မှတ်ခွင့်ပြုချက်များဖြင့် လည်ပတ်နေသော အကြီးစားစက်ရုံများကို အဓိကထား၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရပါတယ် ။

မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ စက်မှုလုပ်ငန်းမှတ်ပုံတင်ထားသည့် စာရင်းများအရ မန္တလေးခရိုင်အတွင်း လုပ်ငန်းမှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်း ၅၀၀၀ ကျော်ရှိကြောင်း သိရပါတယ် ။

MyanmarLabourNews

Local News Read 257 times