မီးဘေးလုံခြုံရေးအတွက် ပြည်တွင်းရှိ စက်ရုံအလုပ်ရုံများတွင် ဘွိုင်လာများအသုံးပြုပါက ဥပဒေနှင့် ကိုက်ညီမှုရှိစေရန် သက်ဆိုင်ရာမှ စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကြပ်မတ်ဆောင်ရွက်ရာတွင် ဘွိုင်လာသုံးစွဲသော စက်ရုံ၊ အလုပ်ရုံများအနေနှင့် ပြည်တွင်း၌ ပြဌာန်းထားသော ဘွိုင်လာဥပဒေနှင့် ကိုက်ညီမှုမရှိပါက ဥပဒေနှင့်အညီ ပြန်လည်ပြင်ဆင်ပြီးမှသာ ဘွိုင်လာ စစ်ဆေးရေးဌာနက စက်ရုံလည်ပတ်ခွင့်ပေးကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဘွိုင်လာစစ်ဆေးရေးဌာနသည် ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဘွိုင်လာများအား အသုံးပြုနိုင်စေရန်၊ ဘွိုင်လာစွမ်းအင်ပြည့် သုံးစွဲနိုင်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဘွိုင်လာစစ်ဆေးခြင်း များအား လုပ်ဆောင်လျက်ရှိသည့်အပြင် ဘွိုင်လာမှတ်ပုံတင်ခြင်းလုပ်ငန်းများကိုလည်း စနစ်တကျစိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဘွိုင်လာစစ်ဆေးရေးဌာနအနေဖြင့် ဘွိုင်လာဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘွိုင်လာများကို စနစ်တကျကိုင်တွယ်ထိန်းသိမ်း သူများ အများအပြားပေါ်ထွက်လာစေရန် ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းများကိုလည်း စီစဉ်ဖွင့် လှစ်ပေးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဘွိုင်လာများကို သကြားစက်ရုံ၊ စက္ကူစက်ရုံ၊ အရက်ချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ တာယာရုံစက်၊ ရာဘာနှင့် သစ်ပေါင်းလုပ်ငန်း၊ ဘိလပ်မြေစက်ရုံနှင့် ဆပ်ပြာစက်ရုံ အစရှိသော စက်မှုလုပ်ငန်းကြီးများတွင် အသုံးပြုကြကြောင်း သိရသည်။
myotaw.news