ပြည်တွင်းရှိ တောင်သူများ လယ်ယာသုံးစက်ကိရိယာများကိုတွင်ကျယ်စွာ အသုံးပြုနိုင်ရန် ဘဏ်များနှင့်ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေကြောင်း Iseki Myanmar Farm Machinery ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ရောင်းချပေးနေကြောင်း သိရပါသည်။
တောင်သူတွေ လယ်ယာသုံးစက်ကိရိယာတွေကို အရစ်ကျဝယ်ယူေသောအခါ ၂၀ ရာခိုင်နှုန်းကို ဘဏ်မှာ ပထမဆုံးပေးသွင်းထားရမည်ဖြစ်ပြီး ကျန် ၈၀ ရာခိုင်နှုန်းကိုတော့ နှစ်နှစ်တာကာလအတွင်းမှာ ခြောက်လတစ်ကြိမ်ပေးသွင်းရမည်ဖြစ်ကြောင်း သိရပါသည်။
ဘဏ်သုံးခုဖြင့် ချိတ်ဆက်ပြီး ရောင်းချပေးတာဖြစ်သော်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အရစ်ကျယူလျှင် JICA ချေးငွေဖြင့် ငါးနှစ်အရစ်ကျ ရောင်းချပေးတာကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကတော့ ကာလရှည်ဆပ်ခွင့် ပိုမိုရရှိကြောင်း သိရပါသည်။
ယခုလို အရစ်ကျရောင်းချပေးသောကြောင့် တောင်သူတွေအနေဖြင့် ခေတ်မီလယ်ယာသုံးစက်ကိရိယာတွေကို ပိုမိုအသုံးနိုင်ပြီး လယ်ယာထုတ်ကုန်တွေကိုလည်း ယခုထက်ပိုမိုထုတ်လုပ်နိုင်တော့မည် ဖြစ်ပါသည်။
စက်ကိရိယာများကို အရစ်ကျစနစ်ဖြင့်ရောင်းချမှုကို မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ဖြင့် ချိတ်ဆက်ရောင်းချနေခြင်းဖြစ်သောကြောင့် ရိတ်ခြွေစက်မြင်းကောင်ရေ ၈၀၊ လေးဘီးထွန်စက်မြင်းကောင်ရေ ၅၅၄၊ ၅၄၀ နှင့် ၄၀ တို့ကို ရောင်းချပေးလျက်ရှိကာ မြင်းကောင်ရေများသည့် လယ်ယာသုံးစက်ကိရိယာများကိုလည်း ထပ်မံတင်သွင်းပြီး အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါသည်။
Myawaddy