ရခိုင်ပြည်နယ်အတွင်း ဆားအထွက်နည်းသောကြောင့် မိုးရာသီအတွင်း တခြားပြည်နယ်များမှ ဆားများတင်သွင်းရမည့် အခြေအနေတွင်ရှိကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် နေလှမ်းဆားထုတ်လုပ်မှုများ လုပ်ကိုင်နေကြသော်လည်း ယခုနှစ်တွင် ဆားထုတ်လုပ်သူ နည်းပါးခြင်း၊ ဝယ်ယူစုဆောင်းသူများကလည်း ဝယ်ယူသိုလှောင်ခြင်း နည်းပါးသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်လည်း ရခိုင်ပြည်နယ်မှ ဆားများကို ဝယ်ယူခြင်းမရှိသည်ကလည်း ဆားလုပ်ငန်းကျဆင်းစေသည့် အဓိကအကြောင်းအရင်းများဖြစ်ကြောင်း သိရပါသည်။
ရခိုင်တွင် ဆားထွက်ရှိမှုသည် အရင်နှစ်များထက် နည်းပါးပြီး ထုတ်လုပ်သူလည်းနည်းပါး၍ အနီးဆုံးဖြစ်သော ဘင်္ဂလားဒေ့ရှ်ကလည်း ဝယ်ယူမှုနည်းသည့်အပြင် ဆားတောင်သူများတွင် အရင်းအနှီးမရှိသလို လုပ်ငန်းရှင်များကလည်း ငွေကြေးထုတ်ပေးခြင်းမရှိသည့်အပြင် ဝယ်ယူစုဆောင်းသူများလည်း မရှိသလောက်ဖြစ်နေသောကြောင့် ဈေးကွက်တွင် အရောင်းအဝယ်အေးနေကြောင်း သိရပါသည်။
ယခင်က ရခိုင်ပြည်နယ်တွင် ဆားတန်ချိန်အမြောက်အများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူခဲ့သော်လည်း ၂၀၀၄ ခုနှစ်မှစတင်၍ ရခိုင်ပြည်နယ်မှ ဆားတင်သွင်းခြင်းကို ဘင်္ဂလားဒေ့ရှ်ကုန်သည်များက ရပ်ဆိုင်းလိုက်ပြီး အိန္ဒိယနိုင်ငံမှဆားများကိုသာ အဓိကတင်သွင်းလေ့ရှိသဖြင့် ဆားလုပ်ငန်းကျဆင်းသွားရခြင်းဖြစ်ကြောင်း သိရပါသည်။
ယခုနှစ်အတွင်း ဧရာဝတီတိုင်းအတွင်း ဆာထွက်သောရာခိုင်နှုန်း ၃၀ လောက် မိုးရွာသွန်းမှုကြောင့် လျော့ကျသွားကြောင့်အပြင် အစိုးရမှလည်း ပံ့ပိုးကူညီမှု မရှိသကဲ့သို့ ဈေးကွက်လည်းမရှာဖွေနိုင်သောကြောင့် ရခိုင်ဆားလုပ်ငန်းများသည် ပျက်ဆီးသွားမည့်အခြေအနေတွင်ရှိကြောင်း သိရပါသည်။
နေလှန်းဆားလုပ်ငန်းများ လုပ်ကိုင်ရာတွင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ တစ်ဧကလျှင် ကုန်ကျစရိတ်အားဖြင့် ကျပ်သုံးသိန်းအထိရှိပြီး တစ်ဧကဆားထွက်နှုန်းမှာ ပိဿချိန် ၁၆၀၀၀ ကျော်ခန့်ရှိကြောင်း၊ လက်ရှိတွင် ဆားတစ်ပိဿလျှင် ကျပ် ၁၂၀ ကျော်ပေါက်ဈေးရှိကြောင်း သိရပါသည်။
ရခိုင်ဒေသသည် ကမ်းရိုးတန်းဒေသကြီး တစ်ခုဖြစ်သလို ဆားကွင်းလုပ်ကွက် ၁၀၉ ခု၊ ဧကပေါင်း ၁၀၆၅ ဧက လုပ်ကိုင်ခဲ့ပြီး ဆားကြမ်းတန်ချိန် ၁၂၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် အနည်းငယ်သာ လုပ်ကိုင်ကြတော့ကြောင်း သိရပါသည်။
ELeven