ဓာတ်ဆီဈေးနှုန်းများ မြင့်တက်နေသဖြင့် အငှားယာဉ် (Taxi) မောင်းသမားများ အကျပ်တွေ့နေချိန်၊ ယာဉ်မောင်းလိုင်စင်ကြေး ဆယ်ဆခန့်မြင့်တက်ပြန်သဖြင့် ဗူးလေးရာ ဖရုံဆင့်နေချိန်တွင် အငှားယာဉ်ဝန်ဆောင်မှုလောကတွင် မင်းမူထားသော Grab ကို ယှဉ်ပြိုင်မည့် FastGo မကြာခင်ပေါ်ပေါက်လာတော့မည်ဖြစ်ပါသည်။
အရှေ့တောင်အာရှနယ်ပယ်ထဲတွင် ထိပ်ဆုံးထဲမှ ကုမ္ပဏီတစ်ခုဖြစ်လာစေရန် မျှော်လင့်ပြီး ဒီဇင်ဘာလတွင် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှာ တက္ကစီအငှားယာဉ် ငှားရမ်းမှု ကြားခံဝန်ဆောင်မှုဖြစ်သည့် ဗီယက်နမ် တက္ကစီငှားရမ်းသည့် app တစ်ခုဖြစ်သော FastGo ကို စတင်ဆောင်ရွက်ရန် ၃ နှစ်ကြာ အချိန်ယူပြီး စီစဉ်ခဲ့ပါသည်။
အငှားတက္ကစီဝန်ဆောင်မှုတွင် အကြီးမားဆုံးဖြစ်သည့် စင်ကာပူအခြေစိုက် Garb နှင့် အင်ဒိုနီးရှားနိုင်ငံတွင် Go-Jek တို့ နေရာရနေချိန်တွင် လွန်ခဲ့သော လအနည်းငယ်ခန့်က နိုင်ငံရပ်ခြားသို့ စတင်တိုးချဲ့လုပ်နေဆောင်နေသည့် ဗီယက်နမ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Goviet က FastGo ကိုတည်ထောင်ခဲ့ပြီးနောက် ငါးလအကြာတွင် ပြည်ပသို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။
FastGo က တစ်ဦးတည်ပိုင် ကားနှင့် အငှာယာဉ်ဝန်ဆောင်မှုများကို Hanoi, Danang နှင့် Ho Chi Minh မြို့တော်များတွင် ဆောင်ရွက်လျက်ရှိပါသည်။
အောက်တိုဘာလ အစောပိုင်းကာလတွင် FastGo က ၎င်းစနစ်၌ ယာဉ်မောင်း ၃၀၀၀၀ ခန့်ကို မှတ်ပုံတင်ထားပြီး ပြည်တွင်းဈေးကွက် ဝေစု ၂၀ ရာခိုင်နှုန်းကို အခိုင်အမာ ရရှိထားပြီးဖြစ်ပါသည်။
ထို app ကို FastGo ၏ ပူးတွဲတည်ထောင်သူဖြစ်သည့်အပြင် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Nguyen Huu Tuat က နည်းပညာပိုင်းကို စတင်ဖန်တီးခဲ့ပြီး MPOS Vietnam Technology က တီထွင်ခဲ့ပါသည်။
MPOS သည် ၂၀၁၃ ခုနှစ်တွင် ဗီယက်နမ်၏ ပထမဆုံးသော မိုဘိုင်းငွေပေးချေမှုကို တည်ထောင်ခဲ့ပြီး ဘဏ်နှင့် အာမခံလုပ်ငန်းများ အပါအဝင် များပြားလှသည့် ဒေသခံမိတ်ဖက်များနှင့် ချိတ်ဆက်မှုများ ရှိနေပါသည်။
“ အရှေ့တောင်အာရှ အငှားယာဉ်လိုင်း ဝန်ဆောင်မှုကဏ္ဍမှာ Grab နဲ့ Go-Jek က စိုးမိုးထားပေမယ့်လည်း FastGo ဟာ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံရဲ့ ဈေးကွက်နေရာအတွက် သင့်တော်တဲ့ မဟာဗျူဟာတွေ၊ ကွန်ရက် တွေနဲ့ မိတ်ဖက်တွေ ရှိနေပါတယ်" ဟု ကြာသပတေးနေ့ Nikkei Asia Review အင်တာဗျူးတွင် Tuat က ပြောကြားခဲ့ပါသည်။
ထိုသို့သော နောက်ခံ များက ပြည်တွင်းနှင့် ဒေသတွင်း ဈေးကွက်နှင့် ဟန်ချက်ညီ အငှားယာဉ်ဝန်ဆောင်ပေးမှုတို့ကြားတွင် FastGo ကို တိုးချဲ့လာနိုင်စေလိမ့်ဟု Tuat က ပြောကြားခဲ့ပါသည်။
ယခုလက်ရှိမှာတော့ တိုးချဲ့မှုတွေ အများအပြားလုပ်နေသော နာမည်ကြီး ကုမ္ပဏီ Grab နဲ့ Go-Jek နှစ်ခုကကြီးစိုးထားပါသည်။
နောက်ထပ် ခြောက်လအကြာတွင် မလေးရှားနှင့် မြန်မာနိုင်ငံ၏ ဈေးကွက်ရှယ်ယာ ၃၀ ရာခိုင်းနှုန်းကို ရရှိရန် FastGo က ရည်ရွယ်ထားကြောင်း Tuat က ပြောကြားခဲ့ပါသည်။
MPOS သည် ၂၀၁၆ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံရှိ Blue Bird နှင့် ဗီယက်နမ်နိုင်ငံရှိ Mailinh ကုမ္ပဏီနှစ်က အသုံးပြုခဲ့သော ပလက်ဖောင်းနှင့် နည်းပညားများကို ထောက်ပံ့ပေးခဲ့သည့်အတွက် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွင် အတွေ့အကြုံအချို့ရှိပါသည်။
“ FastGo ဟာ အခြားကုမ္ပဏီများရဲ့ ယှဉ်ပြိုင်သူဖြစ်ရုံမက မိတ်ဖက်လည်းဖြစ်ပါတယ်။ ငါတို့က customer အတွက် ရွေးချယ်နိုင်တဲ့အခွင့်အရေးတွေကိုပေးတဲ့အခါမှာ တက္ကစီကုမ္ပဏီများနဲ့ ပုဂ္ဂလိက ကားပိုင်ရှင်များ နှစ်ဦးစလုံးအတွက် ပလက်ဖောင်းနှင့် နည်းပညာဆိုင်ရာ ဖြေရှင်းချက်များကို ထောက်ပံ့ပေးမှာပါ" ဟု Tuat က ရှင်းပြပေးခဲ့ပါသည်။
FastGo က ၎င်း၏ ကားမောင်းသူများထံမှ ဝန်ဆောင်ခကို သူတို့ ဝင်ငွေသည် ဗီယက်နမ်ငွေ ၄၀၀၀၀၀ ထက်ပိုခဲ့ပါက တစ်ဦးလျှင် ဗီယက်နမ်ငွေ ၃၀၀၀၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၀) ကို ကောက်ခံကြောင်း သိရပါသည်။
FastGo အနေဖြင့် ခရီးသည်များထံမှ ရယူသည့် ကားခကို မပြောင်းလဲရန် ဆုံးဖြတ်ခဲ့သော်လည်း ခရီးသည်များအနေဖြင့် လုံခြုံသောခရီးစဉ်များကို ရရှိစေရန်အတွက် လူစီးများပြားသည့် နာရီများpeak hours များတွင်စီးနင်းပါက ယာဉ်မောင်းများကို ဗီယက်နမ်ငွေ ၁ သောင်းမှ ၁ သိန်းအထိ ဘောက်ဆူးပေးရန် အကြံပေးခဲ့ပါသည်။
Fast Go ၏ အဓိကထားသည့် ခရီးသည်များသည် မိုဘိုင်းငွေပေးချေမှုပြုလုပ်သူ သို့မဟုတ် credit cards အသုံးပြုသည့် ငယ်ရွယ်သော ခရီးသယ်မာျးနှင့် အလုပ်သမားများ (ဝန်ထမ်း) များဖြစ်သော်လည်း ၎င်းက လက်ငင်းငွေပေးချေခြင်းကိုလည်း လက်ခံပါသည်။
ကုမ္ပဏီ၏ အဓိကဝင်ငွေနှင့် အမြတ်များသည် အငှားယာဉ်ဝန်ဆောင်မှုမှ ရရှိမည်မဟုတ်ဘဲ ဘဏ္ဍာရေးချေးငွေနှင့် ကုန်ပစ္စည်းပို့ဆောင်ပေးခြင်းအပါအဝင် ဝန်ဆောင်မှုများမှ ရရှိလိမ့်မြည်ဖစ်ကြောင်း Tuat မှ ပြောကြားခဲ့ပါသည်။
Hanoi အခြေစိုက် FastGo သည် အရှေ့တောင်အာရှတစ်ခွင်တွင် ဘဏ္ဍာရေးနည်းပညာများ၊ e-commerce၊ e-logistics နှင့် ရင်းနှီးမြှုပ်နှံမှု တွင် မိတ်ဖက်ကုမ္ပဏီများနှင့် ရှေ့ဆောင်လမ်းပြသူများနှင့် မိတ်ဖက်ကုမ္ပဏီဖြစ်သည့် PeaceSoft ဟု လူသိများသော NextTech Group ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။
အဆိုပါအုပ်စုတွင် ရှစ်နိုင်ငံဖြင့် လုပ်ဆောင်လျက်ရှိပြီး လုပ်ငန်းလက်တွဲဖော် ၄၀၀၀၀ နှင့် စားသုံးသူ ၁၂ သန်းကျော် ထက်ပိုပြီး ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။
၃၅ နှစ် သက်တမ်းရှိသော FastGo တည်ထောင်သူသည် ဗီယက်နမ် နည်းပညာ လုပ်ငန်းတွင် အတွေ့အကြုံ ၁၅ နှစ်ထက်ပိုရှိနေပြီး PeaceSoft အပါအဝင် သုံးခုသော ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ပါသည်။
Tuat သည် IDG သတင်းအချက်အလက်အဖွဲ့အစည်း၊ ဂျပန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် SoftBank၊ အွန်လိုင်း လက်လီအရောင်းဆိုင် eBay၊ မလေးရှား အခြေပြု MOL AccessPortal နှင့် UK ရန်ပုံငွေ ACTIS အစရှိသည့် ရန်ပုံငွေရှာဖွေမှုတွင် ဦးဆောင်ခဲ့ပါသည်။
NextTech သည် ဗီယက်နမ်နိုင်ငံ၏ e-marketplaces၊ ChoDien Tu၊ e-payment အခြေခံဖြစ်သော NganLuong နှင့် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သော Vimo များ၏ နောက်ကွယ်မှ လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ၎င်းသည် ကုန်သွယ်ရေး ပလက်ဖောင်းတွင် crytocurrency နှစ်ခုပါဝင်ပါသေးသည်။
FastGo က NextTech ၏ လက်ရှိဈေးကွက်တစ်ခုရှိ ဖောက်သည်နှင့် ရှိနေသော် အလုပ်လက်တွဲဖော်များနှင့် အလုပ်လုပ်ခြင်းအပေါ် အာရုံစိုက်လိမ့်မည်ဖြစ်ကြောင်း သိရပါသည်။
ဒေသအတွင်း ecosystem စနစ်တစ်ဖြင့် တည်ဆောက်ထားသည့် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းကြီးနှစ်ခုဖြစ်သည့် Grab နှင့် Go-Jek နှင့် မတူညီတာက FastGo app သည် NextTech ၏ လက်ရှိ ecosystem စနစ်တစ်ခုဖြစ်သည့် ဝန်ဆောင်မှုကို ပေါင်းထည့်ထားသည်ဖြင့် စနစ်၏ အားသာချက်အားလုံးကို ပိုကောင်းအောင် လုပ်နိုင်ပါလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။
FastGo သည် သြဂုတ်လ ရန်ပုံငွေရှာဖွေမှု ပထမဆုံး အလှည့်တွင် VinaCapital ပုဂ္ဂလိကရှယ်ယာအုပ်စု၏ နည်းပညာအာရုံစိုက် အကျိုးတူလှုပ်ရှားမှုမှ အမေရိကန်ဒေါ်လာ ၃ သန်း ရရှိခဲ့ပါသည်။
ကုမ္ပဏီက ဒေသဆိုင်ရာ တိုးချဲ့မှုကို အရှိန်အဟုန်မြှင့် ကူညီပေးရန် ၂၀၁၉ ၏ ပထမသုံးလပတ်တွင် စီစဉ်ထားသော နောက်ထပ် ရန်ပုံငွေရှာရန်အစီစဉ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၀ ထိ မြှင့်တင်ရန် မျှော်လင့်ထားပါသည်။ FastGo သည် ခြောက်လတိုင်းအတွက် ရန်ပုံငွေတိုးရန် စီစဉ်နေပါသည်။
နောက်နှစ်တွင် FastGoသည် ဗီယက်နမ်နိုင်ငံထဲရှိ မြို့ပေါင်း ၂၀ နှင့် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအပါအဝင်း အရှေ့တောင်အာရှရှိ ဈေးကွက် ၅ ခုတွင် ၎င်း၏ ဝန်ဆောင်မှုပြုလုပ်နိုင်ရန် မျှော်မှန်းထားကြောင်းသိရပါသည်။