FATF ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များ ထုတ်ပြန်မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သ


22 October, 2022

FATF ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များ ထုတ်ပြန်မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်

၁။ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) ၏ မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်နှင့် ၂၁ ရက်တို့တွင် FATF ရုံးစိုက်ရာပြင်သစ်နိုင်ငံ၊ပဲရစ်မြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ် အဖွဲ့ပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာလုံးဆိုင်ရာကွန်ရက်အဖွဲ့ဝင် ၁၀၆ ဦးနှင့် လေ့လာသူအဖွဲ့အစည်းများကို ကိုယ်စားပြုသော ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ INTERPOL နှင့် Egmont Group of Financial Intelligence Units တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များကို FATF ဥက္ကဋ္ဌ T. Raja Kumar က ထုတ်ပြန်ခဲ့သည်။

၂။ မြန်မာနိုင်ငံအား တိုးမြှင့်စောင့်ကြည့်ခွင့်ရှိသည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under increased monitoring) မှ စိစစ်ဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် အန္တရာယ် မြင့်မားမှုရှိသောနိုင်ငံနှင့် ဒေသများစာရင်း(High-Risk Jurisdictions subject to a Call for Action)သို့ ပြောင်းရွှေ့ထည့်သွင်းခြင်းခံရသော်လည်း လက်ရှိ Black List တွင် ရှိပြီးဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံနှင့် အီရန်နိုင်ငံတို့ကဲ့သို့ FATF မှ အဖွဲ့ဝင်နိုင်ငံများနှင့် အခြားနိုင်ငံများမှ တိုးမြှင့်အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့်ဒေသများစာရင်း (Jurisdictions subject to a FATF call on its members and other jurisdictions to apply countermeasures) သို့ထည့်သွင်း၍ တန်းတူအရေးယူဆောင်ရွက်ခြင်းခံရမည့်အဆင့်မျိုး မဟုတ်ပါ ကြောင်းအသိပေးအပ်ပါသည်။

၃။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံနှင့်ဒေသအားလုံးသည် FATF မှ ထုတ်ပြန်သည့် အကြံပြုချက် ၄၀(40 Recommendations) ကို လိုက်နာဆောင်ရွက်ကြရပါသည်။ ယင်းအကြံပြုချက် (၄၀)တွင်ငွေကြေးခဝါချမှုတိုက်ဖျက်ရေး(Anti Money Laundering-AML)၊ အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Financing of Terrorism-CFT) နှင့် လူအများအပြား သေကျေစေနိုင်သော လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရပစ်မှတ် ထားအရေးယူဆောင်ရွက်ရေး (Targeted Financial Sanction of Proliferation) စသည် တို့နှင့် သက်ဆိုင်သည့် လိုက်နာဆောင်ရွက်ရန်အချက်များဖြစ်ပါသည်။ မြန်မာနိုင်ငံသည် FATF တွင် အဖွဲ့ဝင် နိုင်ငံမဟုတ်သော်လည်း FATF ပုံစံဖွဲ့စည်းထားသည့် ဒေသဆိုင်ရာအဖွဲ့တစ်ခု ဖြစ်သည့် အာရှပစိဖိတ် ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering-APG) တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လျက်ရှိပါသည်။

Banking & Loan Read 554 times