FDI ဝင်ရောက်မှု ဒေါ်လာ ၅ ဘီလီယံကျော် ပြင်ဆင်ခန့်မှန်း


24 August, 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရး အစီအစဉ်အရ မြန်မာနိုင်ငံအတွင်းသို့ နှစ်စဉ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ယခင်က ဒေါ်လာခြောက်ဘီလီယံအထိ ဝငေ်ရာက်ရန် ခန့်မှန်းထားသော်လည်းလက်ရှိတွင် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံအထိ ဝငေ်ရာက်ရန် ခန့်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောငေ်ကျာ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင (MIC) ၏လုပ်ငန်းတာဝန်များနှင့် ရင်းနှီးမြှုပ်နှံမှု အခွင်အလမ်းများ၊ စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် စီးပွားရေး စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ယခင်က နိုင်ငံခြားနှင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံသည့် အစီအစဉ် (Foreign Direct Investment Promotion Plan – FDIPP) ရေးဆွဲခဲေ့ကြာင်း၊ နောက်ပိုင်းတွင် ပြောင်းလဲလာသည့် ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ စီးပွားရေးမူဝါဒ၊ ပတ်ဝန်းကျင် အခြေအနေ၊ ကမ္ဘာ့အခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရန်အတွက် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တငေ်ရး အစီအစဉ် (Myanmar Investment Promotion Plan – MIPP) ကို ပြန်ဆွဲထားကြောင်း သိရသည်။

“ဒီကိစ္စကို ပြန်ဆွဲတဲ့အခါမှာ စီးပွားရေးမူဝါဒလည်း ကိုက်ရမယ်။ အခုကျွန်တော်တို့ နောက်ဆုံးလုပ်တဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ် (Myanmar Substainable Development Plan – MSDP) နဲ့လည်း အံဝငေ်အာင်ဆိုပြီး ပြန်ဆွဲထားတယ်။ ကျွန်တော်တို့ မှန်းထားတာက ၂၀၁၆-၂၀၁၇ ကနေမှန်းပြီး ဆွဲထားတာ။ ကာလတို ၂၀၂၀-၂၀၂၁ အထိ ငါးနှစ်မှာ အရင်က ခြောက်ဘီလီယံအထိ မှန်းထားပေမဲ့ အခု ၅ ဒသမ ၈ ဘီလီယံလာက်အထိ မှန်းထားတယ်။ အဲဒီကနေ နောက်ထပ် ၂၀၂၅- ၂၀၂၆ ငါးနှစ်တာကာလမှာတော့ ၈ ဒသမ ၅ ဘီလီယံ စလုပ်ပြီ။ အဲဒီကနေ နောက်ထပ် ငါးနှစ်မှာ ၁၂ ဘီလီယံလောက် တိုးပြီးမှန်းထား တယ်။ အဲဒီကနေ ၂၀၃၅-၂၀၃၆ အထိကို ၁၇ ဘီလီယံလောက်အထိ တိုးမှန်းထားတယ်။ နှစ်စဥအလိုက် တိုးတက်လာဖို့ပါ” ဟု ဦးသန်းအောငေ်ကျာ်က ပြောကြားသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၁၃၇ ဘီလီယံကျော်အထိ ဝငေ်ရာက်ထားသော်လည်း ယခင်နှစ်ကာလတူတွင် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထက် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် လျော့နည်းနေကြောင်း MIC မှ သိရသည်။

eleven media

Investment/Divestment Read 550 times