ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန် ဒုတိယအကြိမ် နှစ်လဆက်တိုက် အတိုးနှုန်းကို ၀.၇၅ ရာခိုင်နှုန်း အမေရိ


28 July, 2022

ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန် ဒုတိယအကြိမ် နှစ်လဆက်တိုက် အတိုးနှုန်းကို ၀.၇၅ ရာခိုင်နှုန်း အမေရိကန်ဗဟိုဘဏ် တိုးမြှင့်

အမေရိကန်ဗဟိုဘဏ် ဖြစ်တဲ့ ပြည်ထောင်စု အရန်ငွေ Federal Reserve က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၇)မှာ အတိုးနှုန်းကို ၀.၇၅ ရာခိုင်နှုန်း ထပ်မံ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
၂ ရက်တိုင်တိုင် ကျင်းပခဲ့တဲ့ Federal Open Market Committee FOMC  အစည်းအဝေး အပြီးသတ်မှာ အတိုးနှုန်းကို ၂.၂၅% မှ ၂.၅၀ % သို့ ဒဿမ ၇၅ တိုးပေးလိုက်ပါတယ်။
ယခင်လက ၀.၇၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး ယခု ဒုတိယအကြိမ် ၂ လဆက်တိုက်အဖြစ် တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ 
မြင့်မားလာ‌ေနသော ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်  ပြင်းထန်သောလုပ်နည်းကိုင်ဟန်ကို နှစ်ဆတိုးပေးလိုက်တာ ဖြစ်ပါတယ်။
ယခုလို အတိုးနှုန်း မြှင့်တင်တာကြောင့် စီးပွားရေး တိုးတက်မှုကို တစ်ဆို့စေနိင်ပါတယ်။ အမေရိကန် စီးပွားရေး ကျဆင်းတဲ့ အစပိုင်း လက္ခဏာများ ပြနေသော်ငြားလည်း ဗဟိုဘဏ်က အတိုး ထပ်မံတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။
အတိုးနှုန်း တိုးမြှင့်တာ မတ်လမှာ အတိုးနှုန်း သုညကို ဒဿမ ၂၅ တိုးမြှင့်ခြင်းဖြင့် စတင်ပါတယ်။ ၃ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ 
မေလမှာ ဒဿမ ၅ တိုးမြှင့်ပါတယ်။ ဇွန်လမှာ ဒဿမ ၇၅ တစ်ကြိမ်၊ ယခုဇူလိုင်လမှာ ဒဿမ ၇၅ တစ်ကြိမ် တိုးမြှင့်ပါတယ်။ ၂၀၂၂ မှာ စုစုပေါင်း ၂.၂၅ တိုးမြှင့်ခဲ့ပြီးပါပြီ။

 ၂% ဟာ  ဖြစ်ပေါ်နေတဲ့ ငွေဖောင်းပွမှု အခြေအနေများအရ  စီးပွားရေး ကြီးထွားနှုန်း တိုးအောင် လှုံ့ဆော်ပေးခြင်း မရှိ၊ ကြီးထွားလို့ မရအောင် တစ်ဆို့ခြင်းလည်း မပြုတဲ့ အာနိသင်မဲ့ နှုန်းထား“neutral rate” နှင့် နီးစပ်တယ်လို့ FOMC ယူဆပါတယ်။ 

 ငွေဖောင်းပွမှုက နှစ်ပေါင်း ၄၀ အတွင်း အမြန်ဆုံးနှုန်းထားဖြင့် ဖြစ်ပေါ်နေတာကြောင့် အရှိန်သတ်ပေးဖို့ လာမယ့်လများမှာလည်း အတိုးနှုန်း ထပ်မံမြှင့်တင်ဖွယ် ရှိပါတယ်။ 
 ဗဟိုဘဏ် အတိုးနှုန်း ယခုနှစ်မှာ  ၃.၂၅~၃.၅  ရာခိုင်နှုန်းခန့်အထိ ရောက်ရှိဖို့ ခန့်မှန်းထားပါတယ်။ 
  
FOMC နောက်တစ်ကြိမ် အစည်းအဝေးကို လာမယ့် စက်တင်ဘာလမှာ ကျင်းပတဲ့အခါ အတိုးနှုန်းကို ပါးပါးလေးပဲ မြှင့်တင်လိမ့်မယ်လို့ ထင်ကြေးပေးကြပါတယ်။ ဒဿမ ၅ တိုးမြှင့်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့ အချို့က ဒဿမ ၇၅ တိုးမယ်လို့ ယူဆကြပါတယ်။

ဗဟိုဘဏ်က စီးပွားရေး စတင်နှေးလာတဲ့ အရိပ်လက္ခဏာများ တွေ့ရှိကြောင်း အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ စျေးနှုန်းတည်ငြိမ်မှုကို ပြန်လည်ရယူရန်အတွက် ၎င်းရဲ့ "ခြွင်းချက်မရှိ သံန္နိဋ္ဌာန်" မှ ယိမ်းယိုင်သွားတဲ့ အရိပ်အယောင် မဆိုသလောက်သာ ပြသခဲ့ပါတယ်။ 

ဒဿမ ၇၅ ရာခိုင်နှုန်း တိုးမြှင့်လိမ့်မယ်လို့  ရင်းနှီးမြှုပ်နှံသူများက အပြည့်အဝမျှော်လင့်ထားပြီးသား ဖြစ်တာကြောင့် ကြေငြာချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် စျေးကွက်များမှာ မပြောပလောက်တဲ့ လှုပ်ခတ်မှုများသာ ဖြစ်ပေါ်ခဲ့ပါတယ်။
 
#MyanmarIndustriesGuide 
 Telegram Channel https://t.me/Guid4U

 

Banking & Loan Read 7534 times