ပထဝီနိုင်ငံရေးအခြေအနေကြောင့် ထိုင်ဝမ် စူပါသူဌေးများ စင်ကာပူသို့ ရွှေ့ပြောင်း


16 December, 2022

ပထဝီနိုင်ငံရေးအခြေအနေကြောင့် ထိုင်ဝမ် စူပါသူဌေးများ စင်ကာပူသို့ ရွှေ့ပြောင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပထမ တရုတ်ပြည်မမှ တရုတ်စူပါသူဌေးများ စင်ကာပူသို့ စတင် ပြောင်းရွှေ့ကြသည်။ ထို့နောက် ထိုင်ဝမ်မှ စူပါသူဌေး မိသားစုများ စင်ကာပူသို့ ပြောင်းရွှေ့ကြသည်။
ပထဝီနိုင်ငံရေး တင်းမာနေခြင်း၊ ထိုင်ဝမ်ကျွန်းကို ပြည်မနှင့် အတင်းအကျပ် ပေါင်းစည်းစေမည့်အရေးကို စိုးရိမ်ခြင်းတို့ကြောင့် ထိုင်ဝမ်မှ စူပါသူဌေး မိသားစုများ စင်ကာပူသို့ ရွှေ့ပြောင်းကြသည်။ 
 တရုတ်ပြည်မမှ သူဌေးများ စင်ကာပူသို့ ပြောင်းရွှေ့နေကြစဉ် ထိုင်ဝမ်မှ စူပါသူဌေးများကလည်း စင်ကာပူသို့ မိသားစုနှင့်အတူ ရွှေ့ပြောင်းကြသည်။ အချို့က ပိုင်ဆိုင်မှုများကို စင်ကာပူသို့ အရင်ရွှေ့ပြောင်းထားကြသည်။

"ချမ်းသာသူများက အရန်ဖြေရှင်းနည်းကို အမှန်တကယ် ရှာဖွေကြပါတယ်။  တချို့က တခြားနိုင်ငံမှာ 'ဒုတိယပတ်စ်ပို့: လိုချင်တယ်”ဟု Standard Chartered ဘဏ်လုပ်ငန်းမှ Jacky Li က ပြောကြားသည်။ 
လုပ်ငန်းရှင်များသည် ပိုင်ဆိုင်မှုများကို ရွှေ့ပြောင်းသည့်အပြင် လုပ်ငန်းအခြေစိုက်သည့်နေရာကိုပါ ပြောင်းရွှေ့ကြသည်။ 
“ရေတို အတွေးအမြင် မဟုတ်ဘူး။  ဒုက္ခသည် လမ်းကြောင်းလည်း မဟုတ်ဘူး။ ရေရှည်အတွက် စီမံနေကြတာပါ။ သူတို့ရဲ့ သားသမီးတွေအတွက်၊ မြေးတွေအတွက် အလားအလာ‌ကောင်းတဲ့ လမ်းကို ဖန်တီးဖို့ပါပဲ” ဟု ၎င်းက ပြောကြားသည်။
စင်ကာပူသို့ ရွှေ့ပြောင်းခြင်းသည် လာမည့် တစ်နှစ်၊ နှစ်နှစ်တွင် ပိုများနေဦးမည်ဟု ခန့်မှန်းထားသည်။ 
ယခုနှစ် ၂၀၂၂ တွင် တိုင်ဝမ်နိုင်ငံသားများ စင်ကာပူတွင် တိုက်ခန်း ၁၀၇ ခန်း ဝယ်ယူထားပြီးပြီဖြစ်သည်။ လွန်ခဲ့သည့် ၁၀ နှစ်တာအတွင်း ယခုနှစ်သည် တိုင်ဝမ်နိုင်ငံသားများ စင်ကာပူတွင် တိုက်ခန်း ဝယ်ယူမှု အများဆုံးနှစ် ဖြစ်သည်။
Source SCMP

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 704 times