အစ္စရေးဗဟိုဘဏ် အရန်နိုင်ငံခြားငွေတွင် ယွမ် စတင်ထားရှိ


23 April, 2022

အစ္စရေးဗဟိုဘဏ် အရန်နိုင်ငံခြားငွေတွင် ယွမ် စတင်ထားရှိ

 


အစ္စရေး ဗဟိုဘဏ်က အရန်နိုင်ငံခြားငွေတွင် တရုတ်ယွမ်ကိုပါ စတင်ထားရှိမည်ဖြစ်ကြောင်း နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
လက်ရှိတွင် အမေရိကန်ဒေါ်လာ၊ ယူရိုဒေါ်လာနှင့် ဗြိတိသျှပေါင်တို့ကို အရန်နိုင်ငံခြားငွေအဖြစ် ထားရှိသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေ IMF မှ ထုတ်ပြန်ချက်အရ ကမ္ဘာ့အရန်နိုင်ငံခြားငွေ ထားရှိမှု စုစုပေါင်းတွင် အမေရိကန်ဒေါ်လာ ပါဝင်နှုန်း လျော့ကျလာနေပြီး နှစ်ပေါင်း ၂၀ အတွင်း အနည်းဆုံးအမှတ်သို့ ရောက်ရှိနေသည်။

 အစ္စရေးဗဟိုဘဏ်သည် တရုတ်ယွမ်အပြင် ကနေဒါဒေါ်လာ နှင့် ဩစတေးလျဒေါ်လာတို့ကိုလည်း အရန်နိုင်ငံခြားငွေအဖြစ် ထားရှိမည်။

အစ္စရေး အရန်နိုင်ငံခြားငွေ ပမာဏသည် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံကျော်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပါသည်။

အရန်နိုင်ငံခြားငွေများ ထားရှိရာတွင် ယွမ်ကို ၂% ထည့်သွင်း ထားရှိမည်ဖြစ်ပြီး ဩစတေးလျဒေါ်လာ ၃.၅% နှင့် ကနေဒါဒေါ်လာ ၃.၅% ထည့်သွင်း ထားရှိမည်ဟု နှစ်ပတ်လည် အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

ယူရိုဒေါ်လာကို ယခင် ၃၀% အစား ယခု ၂၀% ထည့်သွင်း ထားရှိမည် ဖြစ်သည်။

အမေရိကန်မေရိကန်ဒေါ်လာကုိ ယခင် ၆၆.၅% အစား ၆၁% ထားရှိမည် ဖြစ်သည်။ 

markets.businessinsider.com

Banking & Loan Read 2169 times