၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့ထုတ်ယူ မှုမှ ကောက်ခံသည့် အခွန်ငွေ (Royalties) သည် ကျပ်ဘီလီ ယံ ၂,၀၀၀ ကျော် (ဒေါ်လာတစ်ဘီလီ ယံခွဲ) ရရှိမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြသည့် စာရင်း၌ ဖော်ပြထားသည်။
ယင်းသို့ကောက်ခံရန်ကဏ္ဍ ခြောက်ခုရှိပြီး ထိုပမာဏများအ နက် ကမ်းလွန်လုပ်ကွက်စီမံကိန်း များက အများဆုံး အခွန်ငွေရရှိ ကြောင်း အဆိုပါဌာန စာရင်းများတွင် ဖော်ပြထားသည်။
ကမ်းလွန် သဘာဝဓာတ် ငွေ့ရှာဖွေရေးနှင့် ထုတ်လုပ်ခြင်း အတွက် နိုင်ငံပိုင်ရှယ်ယာအမြတ် ခွဲဝေမှုနှင့် ကုန်ကျစရိတ်မှ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကျပ် ၁,၂၇၂ ဘီလီယံရရှိမည်ဟု ပြောခဲ့သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသယ်ယူပို့ဆောင်ခြင်း နှင့် ကမ်းလွန်စီမံကိန်းများကကျပ် ၃၀၆ ဘီလီယံနှင့် ၃၈၆ ဘီလီယံ အသီးသီး ဝင်ငွေရှိမည်ဟု ပြောခဲ့သည်။
ကုန်းတွင်းစီမံကိန်းနှင့် ကုန်းတွင်းရေနံမြေများက ကျပ်လေးဘီလီယံနှင့် ကျပ်ဘီလီယံ ၁၉၀ အသီးသီးရရှိမည်ဟု ဝန်ကြီးဌာနက တင်ပြထားသည်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း စီမံကိန်းသစ်များ လက်မှတ်ရေးထိုးခ ကျပ်ဘီလီယံ ၂၀ ရရန်ရှိကြောင်း သိရသည်။
ကမ်းလွန်လုပ်ကွက်များမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်း၌ အသုံးချရန် စီစဉ်ထားပြီး ကျပ်ဘီလီယံ ၁,၁၀၀ ကုန်ကျမည်ဟု သိရသည်။
သို့သော် ပြည်တွင်းလျှပ်စစ်ထုတ်လုပ်ခြင်းနှင့် သံမဏိထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် ပြန်လည်ရောင်းချခြင်းသည် ကျပ် ဘီလီယံ ၁,၃၅၀ ပြန်လည်ရရှိရန် လည်းရှိကြောင်း သိရသည်။
7 Day Daily