တရုတ်နိုင်ငံအခြေစိုက် Donghai လေကြောင်းလိုင်း သည် ဇူလိုင် ၈ ရက်ကစတင်၍ ရှန်ကျန်းမြို့ (Shen Zhen) မှ မန္တလေးမြို့သို့ စင်းလုံးငှားလေယာဉ်ခရီးစဉ်များ ပျံသန်းမည်ဟု မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံခန့်ခွဲရေး ဝန်ဆောင်မှု ကုမ္ပဏီ MC JALUX Airport Services ၏ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းက ပြောသည်။
‘‘Donghai လေကြောင်းလိုင်းအနေနဲ့ ရှန်ကျန်းနဲ့ မန္တလေး ကို တိုက်ရိုက်ခရီးစဉ်တွေ ပျံသန်းနိုင်ဖို့အတွက် လေကြောင်းဦးစီးကို တင်ပြထားတယ်လို့ သိရတယ်။ အဲဒီကခွင့်ပြုချက်မရသေးခင်မှာ စင်းလုံးငှားလေယာဉ် ခရီးစဉ်တွေကိုစပြီးတော့ ပျံသန်းမှာ ဖြစ်ပါတယ်’’ဟု ဦးကျော်ဆန်းက ပြောသည်။
Donghai လေကြောင်းလိုင်းသည် ပုံမှန်ခရီးစဉ်များ ပျံသန်းခွင့်မရမီအတွင်း ကနဦးပျံသန်းမှုအနေဖြင့် စင်းလုံးငှားခရီးစဉ်များ ပျံသန်းခြင်းဖြစ်ပြီး ဇူလိုင် ၈ ရက်ကစ၍ ရှန်ကျန်း- မန္တလေး-ရှန်ကျန်းခရီးစဉ်များကို တစ်ပတ်လျှင်နှစ်ရက် ပုံမှန်ပျံသန်းမည်ဆို သည်။
‘‘စင်းလုံးငှားခရီးစဉ်တွေက တော့ ဒီမှာလေယာဉ်လက်မှတ် ရောင်းခွင့်မရှိသေးဘူးပေါ့။ ဟိုက နေ ခရီးသည်ခေါ်လာ၊ ဒီမှာလာ ပြီး ပျံသန်းမှုလုပ်ပေါ့။ ပုံမှန်ခရီး စဉ်ပြေးဆွဲခွင့်ရရင်တော့ ရောင်း ခွင့်ရှိမယ်။ လောလောဆယ် ခွင့် ပြုချက်ရဖို့ စောင့်နေဆဲကာလမှာ ဒီခရီးစဉ်ကို ပျံမှာဖြစ်ပါတယ်’‘ ဟု ဦးကျော်ဆန်းက ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံ ကူမင်းမြို့မှ မန္တလေးမြို့သို့ တိုက် ရိုက်လေကြောင်း ခရီးစဉ်များ ပျံသန်းနေပြီး Donghai လေကြာင်းလိုင်းသည် တရုတ်နိုင်ငံ မှ မန္တလေးသို့ပျံသန်းမည့် ဒုတိယမြောက် လေကြောင်းခရီးစဉ်အဖြစ် ပျံသန်းရန်စီစဉ်ခြင်းဖြစ်သည်။
မန္တလေးအပြည်ပြည်ဆိုင် ရာ လေဆိပ်တွင် ပြည်တွင်း ခရီး စဉ် ၁၂ ခုနှင့် နိုင်ငံတကာခရီးစဉ်ခြောက်ခု တိုက်ရိုက်ပျံသန်းနေသည်။
7 Day Daily