မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ပျံသန်းမည့် Flight to Nowhereခေါ် Non Landing Sightseeing Flight Tour အား Union Of Myanmar Travel Association (UMTA)၏ စီစဥ်မှုဖြင့် မြန်မာအမျိုးသားလေကြောင်း (MNA)၏ ATR-72 လေယာဥ်ဖြင့် ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက်(၉ )နာရီတွင် ပျံသန်းသွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပျံသန်းရာတွင် ရန်ကုန်လေဆိပ်မှတက်၍ ကျိုက်ထီးရိုး - ဘားအံ ဝန်းကျင်တစ်ဝိုက်အထိ အမြင့်ပေ ၃၀၀၀ ခန့်မှပျံသန်းကာ ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်မည်ဖြစ်ကြောင်း၊ ဘားအံ တစ်ဝိုက်ရှိ ကောင်းကင်မှ ရှုခင်းအလှအပများကြည့်နိုင်မည်ဖြစ်ပြီး ကျိုက်ထီးရိုးစေတီတော်ကြီးအား လေထဲမှ ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် စေတီတော်တစ်ဝိုက်ပတ်၍ ပျံသန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
လိုက်ပါစီးနင်းလိုသူများအနေဖြင့် ပုံမှန်ခရီးစဥ်စီးနင်းမည့် ခရီးသည်များကဲ့သို့ ယခုထုတ်ပြန်ထားရှိသည့် ကျန်း မာရေးဌာနနှင့် လေကြောင်းလိုင်းတို့မှ ချမှတ်ထားသော စည်းမျဥ်း စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက် သွားရန်တော့လိုအပ်ကြောင်း၊ ခရီးစဥ်အတွက် စျေးနှုန်းမှာ Window Seat အတွက် ၉၀၀၀၀ ကျပ်နှင့် Aisle Seat အတွက် ၆၀,၀၀၀ ကျပ် ဖြစ်ကြောင်း UMTA ၏ ပြန်ကြားရေးကော်မတီမှ ထုတ်ပြန်ထားပါသည်။
လေယာဉ်ပေါ်မတက်ခင် Check-in လုပ်သည့်အခါ ကိုဗစ်ရောဂါ negative ဖြစ်ကြောင်းဆေးစစ်ချက်မှတ်တမ်းပြသရန် လိုအပ်မည်ဖြစ်ပြီး ဆေးစစ်ချက်သည် ၃၆ နာရီအတွင်း ဖြစ်ရမည်။
ကိုဗစ်ရောဂါ ဆေးစစ်ခြင်းကို ခရီးသည်က မိမိအစီအစဉ်ဖြင့် လုပ်ဆောင်ရမှာ ဖြစ်ပြီး ဆေးစစ်သည့် ကုန်ကျစရိတ်ကိုလည်း ခရီးသည်က ပေးဆောင်ရမှာ ဖြစ်ပါသည်။
ပြေးဆွဲမည့်ရက် - ၂၀-၁၂-၂၀၂၀ (တနင်္ဂနွေနေ့)
လေယာဉ်ထွက်ခွာချန် Departure Time – နံနက် ၉ နာရီ
Check in – နံနက် ၈ နာရီ