ပဲခူးတိုင်း၊ ရေနီမြို့တွင် တည်ဆောက်မည့် ရေနီစက်မှုဇုန်ဖွံ့ဖြိုးရေးစီမံကိန်း၌ ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်ရပ်ဆိုင်းကြောင်း FMI ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ပါသည်။
ထိုစီမံကိန်း အကောင်အ ထည်ဖော်မည့် Asia Golden GloryDevelopment ကုမ္ပဏီ၏ ရှယ် ယာ ၃၀ ရာခိုင်နှုန်းကို ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံရန် FMI ကုမ္ပဏီက ၂၀၁၇ တွင် စီစဉ်ခဲ့သော်လည်း ဖြည့်ဆည်းရမည့် အချက်အလက် များ သတ်မှတ်ရက်တွင်း မပြီးစီး၍ ရပ်ဆိုင်းခြင်းဖြစ်ကြောင်း FMI ကုမ္ပဏီက ထုတ်ပြန်သည်။
‘‘ယခုကဲ့သို့ သဘောတူစာချုပ်ကို ရပ်စဲလိုက်သဖြင့် FMI ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုအ ပေါ်တွင် ပြောင်းလဲမှုတစ်စုံတစ် ရာရှိမည်မဟုတ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်’’ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ Asia Golden Glory Development ကုမ္ပဏီ၏ ရှယ် ယာ ၃၀ ရာခိုင်နှုန်းဖြစ်သည့် အစု ရှယ်ယာ တစ်သန်းကို တစ်စုလျှင် ကျပ် ၁,၀၀၀ နှုန်းဖြင့် မတည်ရင်း နှီးငွေ ကျပ်တစ်ဘီလီယံ ရင်းနှီး မြှုပ်နှံရန် FMI ကုမ္ပဏီက ၂၀၁၇ မေလ ၆ ရက်တွင် လက်မှတ်ရေး ထိုးခဲ့သည်။
FMI ကုမ္ပဏီက ၂၀၁၇ ဒီဇင်ဘာ ၂၉ ရက်၌ အစုရှယ်ယာဝယ်ယူမှု နောက်ဆုံးအခြေအနေထုတ်ပြန်ခဲ့သည်။
အဆိုပါသဘောတူညီချက် အရ FMI ကုမ္ပဏီသည် စီမံကိန်း ဖွံ့ဖြိုးရေး၊ တည်ဆောက်ရေး၊ လည်ပတ်ရေးနှင့် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရမည် ဖြစ်သည်။ သို့သော် ယင်းကုမ္ပဏီသည် ဖြည့်ဆည်းရမည့်အချက်များကို သတ်မှတ်ရက်အတွင်း မပြီးစီးသည့်အပြင် ထပ်မံသက်တမ်းတိုးသည့်တိုင် မပြီးသေး၍ FMI ကုမ္ပဏီက ရပ်စဲခြင်းဖြစ်သည်ဟု ဆိုသည်။
ရေနီစီမံကိန်းသည် ပဲခူးတိုင်း ရေနီမြို့နယ်တွင် ဧက ၂,၀၀၀ ခန့်ရှိ စက်မှုဇုန်ဖွံ့ဖြိုးရေးစီမံကိန်းဖြစ်ပြီး အာရှလမ်းမကြီးဘေးတွင် တည်ရှိသည်။ ထိုစီမံကိန်းပထမအဆင့်၌ အထည်ချုပ်၊ စက္ကူ၊ ပျော့ဖတ်၊ ကုန်လှောင်ရုံစသည့် အပေါ့စားစက်မှုလုပ်ငန်းများပါဝင်သည်။
7 Day Daily