Food Industries Development Supporting Laboratory တိုးချဲ့တည်ဆောက်ရန် စီစဉ်


21 December, 2018

နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းတစ်ခုဖြစ်သည့် Food Industries Development Supporting Laboratory အတွက် ယခုအခါဒီဇိုင်းပုံစံရေးဆွဲထားပြီးဖြစ်၍ တည်ဆောက်မှုများကို တစ်နှစ်အတွင်းအပြီးဆောင်ရွက်ရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌထံမှ သိရသည်။

နိုင်ငံတကာအဆင့်မီဒီဇိုင်းဖြစ်ရန် ဂျပန်နိုင်ငံရဲ့ အကူအညီနှင့် ဒီဇိုင်းရေးဆွဲနေတာ နှစ်နှစ်လောက်ရှိပြီ၊မိုက်ခရိုဆိုလည်း Safety Level ရောက်အောင် ဒီဇိုင်းရေးဆွဲတယ်။ယခုဆိုရင် ဒီဇိုင်းရေးဆွဲတာပြီးစီးသွားတဲ့ အတွက် မကြာမီစတင်ဆောက်လုပ်မယ်။ဒီဇိုင်းကို ဆောက်လုပ်မယ့်သူတွေဆီ အပ်ပြီးဆောက်မှာပါ။ဆောက်လုပ်မှုက တစ်နှစ်အတွင်းပြီးမယ်လို့ ခန့်မှန်းထားပါတယ် ဟု သိရသည်။

ယင်းဓာတ်ခွဲခန်းကို မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် စက်မှုဝန်ကြီးဌာနတို့က Public Private Partnership(PPP)ဖြင့်ပူးပေါင်း၍ ရန်ကုန်မြို့ ဗိုလ်ချိုလမ်းရှိ စက်မှုဝန်ကြီးဌာနပိုင်နေရာတွင် Food Industries Development Supporting Laboratory ကိုတည်ဆောက်မည်ဖြစ်သည်။

လက်ရှိတွင် UMFCCI တွင် ဓာတ်ခွဲခန်းရှိပြီးဖြစ်သော်လည်း နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်စေရန် မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက ယခုကဲ့သို့ အဆောက်အအုံတိုးချဲ့တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်သည်။ယခုအခါ ဓာတ်ခွဲခန်းအတွက် ဒီဇိုင်းရေးဆွဲပြီးဖြစ်၍ တည်ဆောက်ခြင်းများကို ၂ဝ၁၉ ခုနှစ်အကုန်တွင်အပြီးဆောင်ရွက်၍ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလဆန်းပိုင်းတွင် စတင်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

Myawaddy

Local News Read 529 times