ထိုင်းရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ ပြည်ပလုပ်ငန်း မြေပိုင်ခွင့်  စတင်ခွင့်ပြု


26 August, 2022

ထိုင်းရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ ပြည်ပလုပ်ငန်း မြေပိုင်ခွင့်  စတင်ခွင့်ပြု

ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ Board of Investment (BOI) သည် ကြာသပတေးနေ့ (ဩဂုတ် ၂၅) တွင် နိုင်ငံခြားကုမ္ပဏီများအား နိုင်ငံအတွင်း မြေယာဝယ်ယူရန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အရေးများကို ခွင့်ပြုပေးသည့် စည်းမျဉ်းအသစ်များကို ထုတ်ပြန်ခဲ့သည်။

ဩဂုတ်လ ၈ ရက်က ဝန်ကြီးချုပ် လက်မှတ်ရေးထိုးခဲ့သော စည်းမျဉ်းသည် ၁၉၇၇ ခုနှစ် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဥပဒေ အရ ဇွန် ၁၃ ရက်မှ စတင်၍ နောက်ကြောင်းပြန် သက်ရောက်မည် ဖြစ်သည်။

ယခုအခါ အနည်းဆုံး ရင်းနှီးမ,တည်ငွေ ဘတ်သန်း ၅၀ ဖြင့် မှတ်ပုံတင်ထားသော နိုင်ငံခြားကုမ္ပဏီများသည် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက မြေယာပိုင်ဆိုင်နိုင်မည်ဖြစ်သည် ။

 

(1 rai = 0.16 hectare)

  • ရုံးခန်းဆောက်ရန် ၅ ရိုင်အထိ ဝယ်နိုင်သည်။
  • အမှုဆောင်များ သို့မဟုတ် အထူးကျွမ်းကျင်သူများအတွက် နေအိမ်ဆောက်လုပ်ရန် ၁၀ ရိုင်အထိ ဝယ်ယူနိုင်သည်။
  • ဝန်ထမ်းအိမ်ရာအတွက် အိမ်များ ဆောက်လုပ်ရန် ရိုင် ၂၀ အထိ ဝယ်နိုင်သည်။
  • ရုံးခန်းနှင့် ဝန်ထမ်းနေအိမ်များသည် လုပ်ငန်းနေရာ သို့မဟုတ် စက်ရုံ မြေနေရာတွင် ရှိရန် မလိုအပ်ပါ။
  • စည်းမျဉ်းအရ လုပ်ငန်းသည် ၎င်း၏ BOI မှ ခွင့်ပြုချက် သက်တမ်းကုန်ဆုံးသည့်အခါ တစ်နှစ်အတွင်း မြေကို ရောင်းချရန် သို့မဟုတ် လွှဲပြောင်းရန် လိုအပ်သည်။
  • မြေယာပိုင်ဆိုင်ခွင့်တစ်ခုစီကို BOI က ကိစ္စတစ်ခုချင်းအလိုက် စဉ်းစားဆုံးဖြတ်မည်ဖြစ်သည်။


Source THE NATION
#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U

Investment/Divestment Read 4236 times