နိုင်ငံခြားငွေဘဏ်စာရင်းများနှင့်စပ်လျဉ်း၍ ဗဟိုဘဏ် ညွန်ကြားချက် ထုတ်ပြန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက် ရက်စွဲဖြင့် နိုင်ငံခြားငွေဘဏ်စာရင်းများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ာ ပုဒ်မ ၁၂ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်း အပိုဒ် ၁ဝ တို့အရ နိုင်ငံခြားသုံးငွေမျာရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ဘဏ်များ က ပြည်တွင်သို့နေထိုင်သူများအား နိုင်ငံခြားငွေစာရင်းဖွင့် ရာတွင်လည်းကောင်း၊ ယင်းငွေစာရင်း မှသို့ မြီစားမြီရှင် ဆောင်ရွက်ရာတွင်လည်းကောင်း အောက်ပါအတိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်း ညွှန်ကြားပါသည်.
(က) ဘဏ်များအနေဖြင့် မိမိတို့၏ customer များဖြစ်သော ပြည်တွင်း၌နေထိုင်သူများ အတွက် အမေရိကန်ဒေါ်လာစာရင်း ဖွင့်လှစ်ပေးရာ၌ နိုင်ငံခြားငွေတရားဝင်ရရှိ ထားပြီး လုပ်ငန်းသဘာဝအရ နိုင်ငံခြားငွေလွှဲပြောင်းလက်ခံရန် အမှန်တကယ် လိုအပ်သူကိုသာ စိစစ်ဖွင့်လှစ်ပေးရန်၊
(ခ) နိုင်ငံခြားငွေစာရင်းသို့ မြီရှင်ပြုထည့်သွင်းရာတွင် တရားဝင်ရရှိသည့် နိုင်ငံခြားငွေ များ သို့မဟုတ် ခွင့်ပြုနိုင်သော လွှဲပြောင်းေပးေချမှုများအရ ရရှိသည့် ကျပ်ငွေများကို ရောင်းချလဲလှယ်ရာမှ ရရှိထားသည့် နိုင်ငံခြားငွေများ ဟုတ်မဟုတ် စိစစ်၍ သေချာမှ ထည့်သွင်းပေးရန်၊
(ဂ) ပြည်တွင်းပေးချေမှုများအတွက် ဆောင်ရွက်ပေးရာတွင် ကျပ်ငွေဖြင့် လဲလှယ် ပေးချေရေးဆောင်ရွက်ပေးရန် နှင့် ခွင့်ပြုနိုင်သော လွှဲပြောင်းပေးချေမှုများနှင့်အညီ ပြည်ပနေထိုင်သူထံသို့ ငွေပေးချေမှုပြုလုပ်သည့်ကိစ္စရပ်များအတွက်သာ မြီစား ပြုပေးရန်။