မြန်မာနိုင်ငံသားများ အနေဖြင့် ဒေါ်လာတစ်သောင်းနှင့် ညီမျှသောမည်သည့် နိုင်ငံခြားငွေကိုမဆို ခြောက်လအထိ ကိုင်ဆောင်ခွင့်ရှိသည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးဘိုဘိုငယ် ကပြောပါတယ်။
နယ်စပ်မှ အခြားငွေကြေးများ အလုံးအရင်းဖြင့် ဝင်ရောက်လာမည်ကို ကိုင်တွယ်ဖြေရှင်းလိုခြင်းကြောင့် တရုတ်ယွမ်နှင့် ထိုင်းဘတ်များကို ပိုမိုတင်းကျပ်စစ်ဆေးမည်ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌကပြောပါတယ်။ ‘‘ကျပ်ငွေတန်ဖိုးမာအောင် လုပ်နေတယ်။ တစ်ဖက်နိုင်ငံက ငွေတွေအလုံးအရင်းနဲ့ဝင်လာပြီး ကျွန်တော်တို့ရဲ့ငွေတွေကို အစားထိုးသွားမှာရှိတယ်။ အဲဒီအတွက်ကြောင့် အိမ်နီးချင်းနိုင်ငံက ငွေတွေကိုသတိထားပြီး ကိုင်တွယ်ရပါတယ်’’ ဟု ဦးဘိုဘိုငယ်က ပြောပါတယ်။
၂၀၁၅ တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် မြန်မာနိုင်ငံသားများသည် နိုင်ငံသားသုံး ငွေပမာဏအတိုင်းအတာတစ်ခုကို ကာလသတ်မှတ်ချက်အရ ကိုင်ဆောင်ခွင့်ရှိပါတယ်။
ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက မွန်ပြည်နယ်မုဒုံမြို့နယ်၌ အမျိုးသားတစ်ဦးတွင် ထိုင်းဘတ် ၇၅၀ နှင့် အမျိုးသမီးတစ်ဦးတွင် ထိုင်းဘတ် ၉၆၀ ကိုင်ဆောင်ထားသဖြင့် မုဒုံမြို့နယ် ရဲစခန်းက ခွင့်ပြုချက်မဲ့နိုင်ငံခြားငွေ ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခဲ့ပါတယ်။
ထိုနှစ်ဦးကို ရဲတပ်ဖွဲ့က မူးယစ်ဖြင့် ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးမတွေ့သော်လည်း ထိုင်းဘတ်တွေ့ရှိ၍ အရေးယူ ဖမ်းဆီးခြင်းဖြစ်သည်ဟု ရဲစခန်းက ထုတ်ပြန်ထားပါတယ်။န်မာနိုင်ငံသားများအ နေဖြင့် ဒေါ်လာတစ်သောင်းနှင့် ညီမျှသောမည်သည့် နိုင်ငံခြားငွေကိုမဆို ခြောက်လအထိ ကိုင်ဆောင်ခွင့်ရှိသည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးဘိုဘိုငယ်က ပြောပါတယ်။
7Day Daily