ပြည်ပချေးငွေအသီးသီး၏ အတိုးနှင့် အရင်း ပြန်လည်ပေးဆပ်မှုကို ရပ်ဆိုင်းထားရန် ဗဟိုဘဏ်မှ ညွန်ကြား


14 July, 2022

ပြည်ပချေးငွေအသီးသီး၏ အတိုးနှင့် အရင်း ပြန်လည်ပေးဆပ်မှုကို ရပ်ဆိုင်းထားရန် ဗဟိုဘဏ်မှ ညွန်ကြား

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်က  နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉-က အရ ပြည်တွင်း၌ နေထိုင်သူ များက ရယူထားသည့် ပြည်ပချေးငွေများကိစ္စနှင့် စပ်လျဉ်း၍ ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်ထားပါသည်။

 နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတိုအရ ပြည်တွင်း၌ နေထိုင်သူများက ပြည်ပမှ ငွေသား ဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေ ရယူထားသည့် ပြည်ပချေးငွေအသီးသီး၏ အတိုးနှင့်အရင်း ပြန်လည် ပေးဆပ်ခြင်းအား လတ်တလောကာလတွင် ဆိုင်းငံ့ဆောင်ရွက်ကြရန်အတွက် AD လိုင်စင်ရဘဏ် များအနေဖြင့် မိမိ၏ customer များဖြစ်သော ပြည်ပချေးငွေရယူထားသည့် ကုမ္ပဏီ၊ အဖွဲအစည်း များသို ချေးငွေအတိုးနှင့်အရင်း ပြန်လည်ပေးဆပ်ရမည့်အစီအစဉ် (Repayment Schedule) အား ပြည်ပရှိ ငွေချေးငှားသူ (ender) များနှင့် ညှိနှိင်း၍ လိုအပ်သလိုပြင်ဆင်ဆောင်ရွက်နိုင်ရေး ထပ်ဆင့်အကြောင်းကြားပေးရန် ဗဟိုဘဏ်က ညွှန်ကြားထားပါသည်။
#MyanmarIndustriesGuide
 Telegram Channel
https://t.me/Guid4U

Banking & Loan Read 19056 times