နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇ ခုအား MIC မှ ခွင့်ပြု


22 February, 2019

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအပါအဝင် ကန်ဒေါ်လာသန်း ၁၈၀ ကျော်တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုလုပ်ငန်း ၇ ခုအား MIC မှ ဖေဖော်ဝါရီလ ၂၀ ရက်က  ရန်ကုန်မြို့တွင် ပြုလုပ်သော မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင်( MIC )၏  ၃ ကြိမ်မြောက်အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ပါတယ်။

ခွင့်ပြုပေးခဲ့သောလုပ်ငန်း ၇ ခုတွင် စပါးစိုက်ပျိုးရေး၊ ကြက်မွေးမြူရေး၊ အထည်လိပ်၊ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အား၊ လက်လီလက်ကား ရောင်းဝယ်ခြင်းလုပ်ငန်းများ ပါဝင်နေပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှ မျိုးရင်းကြက်မွေးမြူ ထုတ်လုပ်ရေးလုပ်ငန်း၊ တရုတ်နိုင်ငံမှ Contract Farming စနစ်ဖြင့် စပ်မျိုးစပါးများ စိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ ဟောင်ကောင်မှ CMP စနစ်ဖြင့် စက်ထိုးအထည်များထုတ်လုပ်ခြင်းလုပ်ငန်း၊ ကိုရီးယားနိုင်ငံမှ စက်မှုဇုန် (Industrial Complex) တည်ထောင် လည်ပတ်ခြင်း လုပ်ငန်း (အဆင့်-၁) တို့ကိုခွင့်ပြုပေးခဲ့ပါတယ်။

ထို့ပြင် ဟောင်ကောင်မှ ၉၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ထိုင်းနိုင်ငံမှ လက်လီလက်ကား ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း နှင့် စင်ကာပူနိုင်ငံမှ လက်လီရောင်းဝယ်ခြင်းနှင့် ကုန်သိုလှောင်မှုလုပ်ငန်းများကိုလည်း ခွင့်ပြုပေးခဲ့ပါတယ်။

အဆိုပါ လုပ်ငန်း ၇ ခု ရင်းနှီးမြှုုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၈၂ ဒဿမ ၆၂၉) သန်း ရှိပြီး၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃,၅၇၂ ဦး ဖန်တီးပေးနိုင်မည် ဟု MIC မှ မျှော်မှန်းထားပါတယ်။

Mizzima

Investment/Divestment Read 2001 times