၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် နိုဝင်ဘာ ၁၀ ရက်အထိ ပြည်ပသွင်းကုန်တင်သွင်းမှု ပမာဏဒေါ်လာ ၁၀၉၉၀ သန်းကျော် တင်သွင်းထားပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်း နှစ်ထောင်နီးပါး ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါသည်။
လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ ၁၀ ရက်အထိ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတင်သွင်းမှုတွင် ဒေါ်လာ ၃၉၁၆ ဒသမ ၉၁၅ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတင်သွင်မှုတွင် ဒေါ်လာ ၄၃၅၅ဒသမ ရ၀၁ သန်းနှင့် လူသုံးကုန်ပစ္စည်းတင်သွင်းမှုတွင် ဒေါ်လာ ၂၇၁၇ ဒသမ ၅၀၃ သန်းရှိပြီး သွင်းကုန်များ၏ တန်ဖိုးမှာ ဒေါ်လာ ၁၀၉၉၀ ဒသမ ၁၁၉ သန်းရှိကြောင်း သိရပါသည်။
ပြည်ပ သွင်းကုန်တင်သွင်းမှု စုစုပေါင်း ပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ်တွင် ၁၈၆၃ ဒသမ ၃၄၁ သန်း ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြည်ပသွင်းကုန်စာရင်းများအရ သိရပါသည်။
ထို့အပြင် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၁၀ရက်အထိ ပြည်ပသွင်းကုန် အုပ်စုသုံးမျိုးတွင် နိုင်ငံပိုင် သွင်းကုန်မှ တင်သွင်းမှု ဝင်ငွေမှာ ဒေါ်လာ ၅၈၃ ဒသမ ၃၈၄ သန်း၊ ပုဂ္ဂလိကပိုင်သွင်းကုန်မှ တင်သွင်းမှုဝင်ငွေမှာ ဒေါ်လာ ၁၀၄၀၆ ဒသမ ရ၃၅ သန်း တင်သွင်းထားပြီး စုစုပေါင်း ပြည်ပသွင်းကုန် တင်သွင်းမှု ဝင်ငွေမှာ ဒေါ်လာ ၁၀၉၉၀ ဒသမ ၁၁၉ သန်းဖြစ်ကြောင်းစီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်ပသွင်းကုန် စာရင်းများအရ သိရပါသည်။
ပြည်တွင်းသို့ ပြည်ပနိုင်ငံများမှ သွင်းကုန်ပစ္စည်များ တင်သွင်းရာတွင် နယ်စပ်စခန်းများမှ ကုန်သွယ်မှုနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုများမှ ဆောင်ရွက်လျက်ရှိကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါသည်။
Source:daily eleven