ယခုဘဏ္ဍာနှစ် ကိုးလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၄ ဒသမ ၄ ဘီလီယံ ဝင်ရောက်ထားပြီး မျှော်မှန်းချက် ပြည့်မီနိုင်မည်ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။
"မနှစ်ကတစ်နှစ်လုံးမှ ကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံပဲရတယ်။ အခု ကိုးလနဲ့ကို ၄ဒသမ၄ဘီလီယံရနေပြီ။ ကျွန်တော်တို့ လျာထားချက်က ၅ဒသမ၈ဘီလီယံဆိုတော့နောက်ထပ် ( ၁ ဒသမ ၄ ဘီလီယံပဲကျန်တော့တယ်။
ကျွန်တော်တို့ရဲ့ ဂိုက်လိုင်းထဲမှာရှိနေ တဲ့အချက်၊ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက်ကနေ မှ တိုက်တွန်းပေးတဲ့အချက်၊ အလုပ် အကိုင်ရရှိရေးအတွက် ဦးစားပေးဖို့ တိုင်းပြည်ရဲ့ ရည်မှန်းထားတဲ့အချက်၊ နောက်တစ်ခါ ကိုဗစ်-၁၉ ရောဂါကြောင့်ပြန်လည်နာလန်ထူရေးအတွက် စီးပွားရေးအပေါ်မှာ ယခင်ထက် နိုင်ငံတော်က ပိုမိုအာရုံစိုက်ပေးလာတဲ့ အချက် အဲဒီအချက် လေးချက်ပေါင်း ပြီးတော့မှ ကျွန်တော်တို့သည် ၁ ဒသမ ၄ ဘီလီယံဝင်လာမယ်လို့ မျှော်မှန်း ထားပါတယ်"ဟု ဦးသန့်စင်လွင်က ပြောသည်။
ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြီးခဲ့သည့် ကာလတူထက်များလာ ခြင်းမှာလည်း လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများခြင်းကြောင့် ဖြစ်ကြောင်း ဦးသန့်စင်လွင်က ဆက်လက် ပြောကြားသည်။
လက်ရှိပြည်တွင်း၌ နှာခေါင်းစည်း အပါအဝင် ဆေးရုံသုံးပစ္စည်းများ ထုတ်လုပ်သည့် တရုတ်နိုင်ငံသားပိုင် စက်ရုံသုံးရုံနှင့် ဆေးရုံသုံးခုတင် ထုတ် လုပ်သည့် မြန်မာနိုင်ငံသားပိုင် စက်ရုံ တစ်ရုံ စုစုပေါင်း စက်ရုံ လေးရုံရှိ ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနထံမှ သိရ သည်။
The Mirror Daily