နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅ခု လာမည့်နှစ်တွင် ဝင်ရောက်လာမည်


04 December, 2017

စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ထံမှ သိရပါသည်။

အဆိုပြုလွှာ တင်ထားသော ပမာဏက အမေရိကန် ဒေါ်လာသန်း ၅၀၀ နီးပါးရှိကြောင်း၊ ယခုနှစ် တစ်နှစ်လုံး၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန် ဒေါ်လာ ၆ ဘီလီယံကျော်ခန့် ဝင်ရောက်လာမည် မှန်းထားကြောင်း၊ လက်ရှိအခြေအနေနှင့်ဆိုပါက ပြည်မီနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးကပြောကြားကြောင်းသိရပါသည်။

လက်ရှိအချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် လုပ်ငန်းပေါင်းမှာ ၁၅၃ ခုရှိပြီး စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကျော် ဝင်ရောက်ခဲ့ကြောင်း၊ အများဆုံးဝင်ရောက်သည့် ကဏ္ဍမှာ စက်မှုကုန်ထုတ်လုပ်ငန်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး လုပ်ငန်းမှာ စိုက်ပျိုးရေး ဖြစ်ကြောင်း ၎င်းက ပြောကြားပါသည်။

ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်သည့်နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံမှာ ဒုတိယ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကာ ထိုင်းနှင့် ယူအေအီးနိုင်ငံတို့သည် ရင်းနှီးမြှုပ်နှံမှုအသင့်အတင့် ဝင်ရောက်သည့်နိုင်ငံများဖြစ်ကြောင်း သိရပါသည်။

လတ်တလောအနေအထားတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ သာမက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုသူများလည်း တိုးပွားလာပြီး ယခု ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ရ လအထိတွင် အမေရိကန် ဒေါ်လာ ၅၆၁သန်း အပါအဝင် ကျပ် ထရီလီယံ ၁၄၉၀ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရပါသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များက ဝင်ရောက်သော်လည်း အလုံးအရင်းနှင့် ဝင်ရောက်လာတာ မတွေ့သေးဘဲ နောက်နိုင်ငံများက ဝင်လာမည့် ရင်းနှီးမြှုပ်နှံမှုများက တွန့်နေကြောင်း ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားကြောင်းသိရပါသည်။

ဘဏ္ဍာနှစ် ၆ လတာကာလအတွင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများထဲမှ အမှန်တကယ် ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံကျော်ရှိကြောင်းသိရပါသည်။

Source:the voice

Investment/Divestment Read 782 times