ယခုနှစ် ဧပြီမှ ဇူလိုင် ၇ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းကန်ဒေါ်လာသန်း ၈၄၀ ကျော် ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနစာရင်းများအရ သိရသည်။
၂၀၁၇ ဧပြီ ၁ ရက်မှ ဇူလိုင်လကုန်အထိ ကန်ဒေါ်လာသန်း ၁,၉၆၀ ဖိုး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့ရာ ယခုနှစ်သည် ပြီးခဲ့သည့်နှစ် ကာလတူထက် ထက်ဝက်ကျော်လျော့နည်းခြင်းဖြစ်သည်။
အထက်ပါကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံအများဆုံးဝင်ရောက်သည့် ကဏ္ဍမှာ ကုန် ထုတ်လုပ်မှုကဏ္ဍဖြစ်သည်။ အ များဆုံးဝင်ရောက် ရင်းနှီးမြှုပ်နှံ သည့် နိုင်ငံသည် ဂျပန်နိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးမှာ တရုတ်နိုင်ငံ ဖြစ်သည်။ ထို့နောက် အမေရိကန် နှင့် စင်ကာပူနိုင်ငံက အများဆုံး ရင်းနှီးမြှုပ်နှံထားသည်။
ထိုကာလအတွင်း လုပ်ငန်း အသစ်ဝင်အဖြစ် ဝင်ရောက်သည့် လုပ်ငန်း ၄၄ ခုက ကန်ဒေါ်လာ သန်း ၃၂၀ ကျော်ဖိုးနှင့် လုပ်ငန်း ထပ်မံတိုးချဲ့ခြင်းက ကန်ဒေါ်လာ သန်း ၃၇၀ ခန့်ရှိသည်။ သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၁၅၀ ဝင်ရောက်သည်။ ထို့ကြောင့် ၂၀၁၈ ဧပြီ ၁ ရက်မှ ဇူလိုင် ၇ ရက်အထိ ကန်ဒေါ်လာသန်း ၈၄၀ ကျော် ဝင်ရောက်ခြင်းဖြစ်သည်။
ထိုကာလအတွင်း မြန်မာ နိုင်ငံသားများက လုပ်ငန်းသစ်အခု ၅၀ ဖြင့် ကျပ်ငွေဘီလီယံ ၇၁၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံထားသည်။
7 Day Daily