နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ငါးလကျော် ကာလအတွင်း ကျပ် ၉၆၈၄၈၆၆ သန်းကျော်သာ ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကာလတူဝင်ရောက် မှုနှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကျပ် ၅၀၄,ဝ၅၁ သန်းခန့်လျော့ကျနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်း ဇယားများအရသိရသည်။
လွန်ခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ လုပ်ငန်းအရေအတွက် စုစုပေါင်း ၅၁ ခုတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်၁,၄၇၂,၉၁၈ ဒသမ ၃၀ဝ သန်းအထိဝင်ရောက်ခဲ့သည်။ ယမန်နှစ် ကာလတူတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ကဏ္ဍ၌ လုပ်ငန်းသုံးခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၃၈၈,၉၆၆ ဒသမ ၁၅၀ သန်း၊ စက်မှု ဇုန်တည်ဆောက်ရေးကဏ္ဍ၌ လုပ်ငန်းတစ်ခု ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၂၂၂,၅၄၅ ဒသမ ၄၅၀ သန်းဝင်ရောက်ခဲ့ပြီး ဆောက်လုပ်ရေး ကဏ္ဍ၌ ယခင်ခွင့်ပြုပြီးလုပ်ငန်းများမှ ရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ် ၇၆,၇၇၃ ဒသမ ၃၃၇ သန်းအထိ တိုးမြှင့်ဝင်ရောက်ခဲ့သော်လည်း ယခုနှစ်တွင် ယင်းကဏ္ဍများ၌ နိုင်ငံသားရင်းနှီး မြှုပ်နှံမှု လုံးဝဝင်ရောက်ခဲ့ခြင်းမရှိပေ။
ထို့အပြင် လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် စက်မှုကဏ္ဍတွင်လည်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု မှာ ယခင်နှစ်ထက်လျော့ကျခဲ့သည်။ သို့သော် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ အဆောက်အအုံ တည်ဆောက်မှုကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ် ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍ၊ သတ္တု တူးဖော်ရေးကဏ္ဍ၊ လယ်ယာကဏ္ဍများတွင် ယမန်နှစ်ထက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပိုမို ဝင်ရောက်ခဲ့သည်။
အသီးသီးဝင်ရောက်
****
ယခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှု မှာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် လုပ်ငန်း ၂၃ ခု၊ စက်မှုကဏ္ဍ၌ လုပ်ငန်းပေါင်း ၃၂ခု၊ အိမ်ရာအဆောက်အအုံတည်ဆောက်မှုကဏ္ဍ တွင် လုပ်ငန်းငါးခု၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍ၌ လုပ်ငန်းလေးခု၊ ကျပ် ၉၆၉၅ ဒသမ ၆၆၀ သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်း ၁၃ ခု၊ သတ္တုတူးဖော်ရေးကဏ္ဍ၌ လုပ်ငန်းတစ်ခု၊ လယ်ယာကဏ္ဍတွင် လုပ်ငန်း တစ်ခု၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၌ လုပ်ငန်း သုံးခု စုစုပေါင်းလုပ်ငန်းအရေအတွက် ၈၂ ခုရှိခဲ့ပြီး ယခင်ခွင့်ပြုပြီးလုပ်ငန်းများမှ ရင်းနှီး မြှုပ်နှံခြင်းတိုးမြှင့်မှုအပါအဝင် ကျပ် ၉၆၈ç၈၆၆ ဒသမ ၆၃၄ သန်းသာဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ဝင်ရောက်
****
ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ် ၁၂၈,ဝ၅၈ ဒသမ ၁၆၃ သန်း၊ စက်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၈၀,၄၆၁ ဒသမ ၈၉၀ သန်း၊ အိမ်ရာ အဆောက်အအုံ တည်ဆောက်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၈၁,၈၈၈ ဒသမ ၅၃၁ သန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၉,၆၉၅ ဒသမ ၆၆၀ သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှုပမာဏ ကျပ် ၃၆၅,ဝ၇၂ ဒသမ ၉၁၀ သန်း၊ သတ္တုတူးဖော်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၂၅,၇၅၀ သန်း၊ လယ်ယာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် သန်း ၇၀ဝ၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် လုပ် ငန်းသုံးခုရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၇,၆၃၉ ဒသမ ၃၄၀ သန်း စသည်ဖြင့် အသီးသီး ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားများ အရ သိရသည်။
Myanmar times