အခုနှစ် နွေရာသီတွင် ပြည်တွင်းပန်းများထက် ပြည်ပပန်းများ အဝယ်လိုက်နေ


27 April, 2019

အခုနှစ် နွေရာသီတွင် ပြည်တွင်းမှာ စိုက်ပျိုးတဲ့ ပန်းတွေထက် ပြည်ပကဝင်လာတဲ့ ပန်းတွေက ပိုပြီး အဝယ်လိုက်နေတယ်လို့ ပန်းရောင်းချသူတွေက ပြောပါတယ်။ အရင်နှစ်တွေက ရောင်းအားကောင်းခဲ့တဲ့ နှင်းဆီပန်း၊ ဂန္ဓမာပန်းတွေက ဒီနှစ်မှာတော့ ရောင်းအားကျလာတယ်လို့ သိရပါတယ်။ ဒီလို ရောင်းအားကျလာတာက ပြည်ပက ဝင်လာတဲ့ ပန်းတွေဖြစ်တဲ့ လီလီပန်း ၊ ပန်းခြောက် ၊ ကာနေးရှင်း ၊ ကျူလှစ်ပန်း ၊ ဒေစီပန်း တွေဟာ ဈေးနှုန်းကွာခြားသလို တာရှည်ခံတာကြောင့် အဝယ်များလာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ ရာသီဥတုနဲ့ စိုက်ပျိုးထုတ်လုပ်မှုအပေါ် မှုတည်ပြီး ပြည်တွင်းပန်းထွက်ရှိမှု နည်းတဲ့အတွက် တရုတ်ပြည်က သွင်းကုန်တွေ အများဆုံးဝင်ရောက်နေတယ်လို့ သိရပါတယ်။

အရင်က မြန်မာနိုင်ငံကို တရုတ်ပန်းတွေ စတင်ဝင်ရောက်လာချိန်မှာ တရုတ်ပန်းဈေးက မြင့်မားတဲ့အတွက် သီးခြားဈေးကွက်အနေနဲ့ ရပ်တည်ခဲ့ပေမယ့် အခုနောက်ပိုင်း တရုတ်ပန်းတွေဟာ မြန်မာပန်းတွေနဲ့ ဈေးနှုန်းကွာခြားမှု အနည်းငယ်သာ ရှိတော့တယ်လို့ သိရပါတယ်။

လက်ရှိ ပန်းဈေးကွက်မှာ ရောင်းချနေတဲ့ ပန်းတွေထဲမှာ နှင်းဆီပန်းဆိုရင် အရင်က ငွေကျပ် (၁၀၀၀) ကနေ (၁၅၀၀) အထိရောင်းချခဲ့ပြီး လက်ရှိမှာတော့ ငွေကျပ် (၅၀၀)၊ (၆၀၀)ကျပ်နဲ့သာ ရောင်းချနေရတာဖြစ်လို့ ပြည်တွင်းပန်းဈေးကွက်က ရောင်းအားကျလာတာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4 news

Local News Export, Import Read 660 times