အွန်လိုင်းမှချိတ်ဆက်၍လာရောက်လည်ပတ်သည့်အနောက်ဥရောပနိုင်ငံသားခရီးသွားများမှာ ရာခိုင်နှုန်း ၇၀ ခန့် တိုးမြှင့်ဝင်ရောက်လျက်ရှိသောကြောင့် အွန်လိုင်းဈေးကွက်တွင်ကျယ်လာသည့်အတွက် ခရီးသွားကုမ္ပဏီအေဂျင်စီများအနေဖြင့် ဈေးကွက်ထိခိုက်မှုများရှိလာကြောင်း Myanmar Tourism Fedration မှ သိရပါသည်။
နိုင်ငံခြားသားခရီးသွားများအနေဖြင့် ခရီးသွားလုပ်ငန်းများတွင် အွန်လိုင်းဈေးကွက်မှ ခရီးစဉ်ကြိုတင်မှာယူခြင်းများကို ရောင်းချနိုင်သဖြင့် ကမ္ဘာလည့်ခရီးသွားဧည့်သည်ရာခိုင်နှုန်း ၇၀ ခန့်သည် အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်ဝင်ရောက်လာကြောင်း သိရပါသည်။
ထို့အတူ အွန်လိုင်းဈေးကွက်တွင်ကျယ်လာသည့်အတွက် ပြည်တွင်းမှခရီးသွားကုမ္ပဏီအချို့သည် နိုင်ငံခြားခရီးသွားကုမ္ပဏီများနှင့် အွန်လိုင်းခရီးသွားကုမ္ပဏီများကို မယှဉ်ပြိုင်နိုင်သောကြောင့် ၎င်းတို့၏ စီးပွားရေးထိခိုက်မှုများလည်းရှိလာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ထားပါသည်။
ထို့အပြင် ပြည်တွင်းခရီးသွားများအနေဖြင့် ဆွဲဆောင်မှုရှိသောနေရာဒေသများကို နိုင်ငံခြားကုမ္ပဏီများထက် ပိုမိုသိရှိခြင်းနှင့် ဧည့်သည်အကြိုက်ခရီးစဉ်များနှင့် ဝန်ဆောင်မှုများကို လေ့လာခြင်းအားဖြင့် အွန်လိုင်းဈေးကွက်အန္တရာယ်ကို ကာကွယ်နိုင်ကြောင်း သိရပါသည်။
Daily Eleven