Free Visa, VOA နှင့် ဒေါ်လာ ၁၀၀၀


02 August, 2018

တရုတ်၊ ဂျပန်နှင့် ကိုရီးယား ခရီးသွားများအား ဗီဇာဖြေလျှော့ မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၈ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ပြုလုပ်ရာပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံသားများ ကို ဗီဇာကင်းလွတ်ခွင့်နှင့် တရုတ် နိုင်ငံသားများကို ဆိုက် ရောက်ဗီဇာထုတ်ပေးရာတွင် လို အပ်ချက်ဖြစ်သည့် Show Moneyဒေါ်လာတစ်ထောင်ပြရန် အပါအ ဝင် သတ်မှတ်ချက်အချို့ကို ဖြေ လျှော့ရန် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၌ ပြန်လည်ဆွေးနွေး မည်ဟု ပြောကြားခဲ့သည်။

ဗီဇာသက်တမ်း ရက် ၃၀ ၊ အပြန်လေယာဉ်လက်မှတ်ပြနိုင် ရမည်စသည့် သတ်မှတ်ချက်များ လည်း ဖြေလျှော့ရန် ဆွေးနွေး မည်ဟု ၎င်းကပြောသည်။

ညှိနှိုင်းမှုများ

*******

မိသားစုနှင့် လာရောက် သည့် ခရီးသွားဧည့်သည်များအနေဖြင့် Show Money ဒေါ်လာ တစ်ထောင်ပြရန် မဖြစ်နိုင်ကြောင်း၊ အချို့ခရီးသွားများ ခေတ်ကာ လအရ ငွေသားကိုင်ဆောင်ခြင်း မရှိသဖြင့် လူဝင်မှုကြီးကြပ်ရေး ဌာနနှင့် ပြန်လည်ညှိနှိုင်းရမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ထုတ်ပြန်ချက်တွင် အဆိုပါသုံးနိုင်ငံမှ ခရီးသွားများသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်နှင့် ကုန်းလမ်းဂိတ်တို့တွင် Show Money အပါအဝင် အပြန်လေယာဉ်လက်မှတ်ပြရမည်ဟု ဖော်ပြထားသည်။

ထုတ်ပြန်ကြေညာချက်

*************

တရုတ်နိုင်ငံသားများသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် များမှတစ်ဆင့် ဝင်ထွက်သွားလာ နိုင်ပြီး ဂျပန်နှင့် ကိုရီးယားနိုင်ငံသားများသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုအပြင် သီလဝါအပြည်ပြည်ဆိုင်ရာရေဆိပ်နှင့် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဂိတ်များဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီးဂိတ်တို့မှ ဝင်ရောက်နိုင်ပြီး မည်သည့်အပြည်ပြည်ဆိုင်ရာ ဝင်၊ထွက်ပေါက်မှမဆို ပြန်လည်ထွက်ခွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ခရီးသွားများသည် ၎င်းတို့ သဘောဆန္ဒအလျောက် လေဆိပ်များမှ ဝင်ရောက်သော်လည်း နယ်စပ်ဂိတ်များမှ တစ်ဆင့် ပြန်လည်ထွက်ခွာလိုပါက ခွင့်ပြုပေးရန် လိုအပ်ကြောင်း ပြည်ထောင် စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။

ဆွေးနွေးမှု

*******

‘‘ဒီကိစ္စတွေကို သြဂုတ်လ ၃ ရက်နေ့မှာ ကျင်းပမယ့် အမျိုး သားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးဗဟိုကော်မတီမှာ သက် ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဆွေး နွေးသွားပါမယ်’’ဟု ၎င်းကပြော သည်။

မြန်မာနိုင်ငံသို့ အနောက်နိုင်ငံများမှ ခရီးသွားများဝင်ရောက်မှု နည်းပါးနေသဖြင့် တရုတ်၊ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့အတွက် ပြည်ဝင်ခွင့်ကို ဖြေလျှော့ကြောင်း၊ Show Money ဒေါ်လာတစ်ထောင်အတွက် ဝေဖန်မှုများမြင့်တက်နေသော်လည်း ပြန်လည် ဆွေးနွေးပေးမည်ဖြစ်သဖြင့် ဆန္ဒမစောသင့်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါ်ခင်သန်းဝင်းက ပြော သည်။

ဗီဇာထုတ်ပေးခြင်

**********

ထုတ်ပြန်ချက်အရ တရုတ် နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းသည် အောက်တိုဘာ ၁ ရက်ကစတင်၍ အတည် ဖြစ်သော်လည်း ဂျပန်နှင့် ကိုရီးယားနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်သည် အောက်တို ဘာ ၁ ရက်ကစ၍ စမ်းသပ်ကာလ တစ်နှစ်သာ ဖြစ်သည်။

ဆိုက်ရောက်ဗီဇာဖြင့် လာရောက်သည့် တရုတ်နိုင်ငံသားများကို ကန်ဒေါ်လာ ၅၀ ကောက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသားများ တွင် တရုတ်ပြည်မအပြင် ဟောင်ကောင်နှင့် မကာအိုတို့လည်း အကျုံးဝင်သည်။ တရုတ်နိုင်ငံသားများသည် ဗီဇာကို ကြိုတင်လျှောက်ထားရယူခြင်းအစား ဆိုက်ရောက်ဗီၤဇာ VOA Visa on Arrival ဖြင့် ထုတ်ပေးမည် ဖြစ်သည်။

ခရီးသွားဦးရေ ရာခိုင်နှုန်း

***************

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများသို့ ဂျပန်ခရီးသွားများ အလုပ်ကိစ္စဖြင့်ဖြင့်ဖြစ်စေ အခြားကိစ္စဖြင့်ဖြစ်စေ လာရောက်မှုများ ပုံမှန်တိုးများလာနေသည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်ခရီးသွား ၁၀၁ ၅၀၀ ဦး လာရောက်ခဲ့ရာ ၂၀၁၆ ခုနှစ်ထက် သုည ဒဿမ ခုနစ်ရာခိုင်နှုန်း ပိုများခဲ့သည်။ ထိုင်းနှင့် တရုတ် ခရီးသွားများ ပြီးလျှင် ဂျပန်ခရီးသွားများက တတိယအများဆုံး ဖြစ်သည်။ ခရီးသွားဧည့်သည် ၁ ဒဿမ ၃၆ သန်း လာရောက်ခဲ့ရာ၌ ဂျပန်ခရီးသွားများက ၇ ဒဿမ ၅ ရာခိုင်နှုန်း ရှိသည်။ အာရှနိုင်ငံများမှ လာရောက်သည့် ခရီးသည်များမှာ စုစုပေါင်းခရီးသည်ဦးရေ၏ ၇၀ ရာခိုင်နှုန်း ရှိသည်။

Voice, SCMP

Banking & Loan Read 528 times