မြဝတီနယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ E- Visa အပါအဝင် Passport Visa ဖြင့် ၀င်ရောက်လည်ပတ်သူ လစဉ်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ဇန်နဝါရီမှ ဒီဇင်ဘာလကုန်အထိ ထိုင်းနိုင်ငံသားနှင့် ကမ္ဘာလှည့်ခရီးသွား ၁၄၇၀၀ ကျော် ၀င်ရောက်လည်ပတ်ခဲ့ကြောင်း မြဝတီချစ်ကြည်ရေးတံတားမှသိရသည်။
အပြည်ပြည်ဆိုင်ရာ ၀င်၊ ထွက်ပေါက် ဖြစ်သည့် မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် ပြည်တွင်းသို့ E- Visa အပါအဝင် Passport Visa ဖြင့် ၀င်ရောက်လည်ပတ်သူများ ရှိပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာသော ထိုင်းနိုင်ငံသားများလည်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ မြဝတီနယ်စပ်မှ အောက်တိုဘာအတွင်းက Passport Visa ဖြင့် ၀င်ရောက်လာသူ နိုင်ငံခြားသား အမျိုးသား၊ အမျိုးသမီး ရ၃၃ ဦး၊ E- Visa ဖြင့် ၀င်ရောက်ခဲ့သည့် ကမ္ဘာ့လှည့်ခရီးသွား အမျိုးသား၊ အမျိုးသမီး ၃၆၇ ဦးထိရှိခဲ့ပြီး ယခင် စက်တင်ဘာလက Passport Visa ဖြင့် ၀င်ရောက်လာသူ နိုင်ငံခြားသား ၅၃၂ နှင့် E- Visa ဖြင့် ၀င်ရောက်ခဲ့သူ ၂၅၆ ဦးသာ ရှိခဲ့သည့်အတွက် မြဝတီနယ်စပ်မှ နိုင်ငံခြားသား ၀င်ရောက်လည်ပတ်မှု ပိုမိုများပြားလာခဲ့ကြောင်း မြဝတီချစ်ကြည်ရေးတံတားမှ သိရသည်။
ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံသို့ E- Visa ဖြင့် ၀င်ရောက်လည်ပတ်မှုကို ၂၀၁၆ ခုနှစ် သြဂုတ် ၂၅ ရက်တွင် စတင်ခဲ့ပြီး ယင်း ၂၀၁၆ ခုနှစ်တွင် အမျိုးသားနိုင်ငံခြား (တတိယနိုင်ငံ) ၆၄၀ ဦး၊ အမျိုးသမီး ၅၇၈ ဦး ၀င်ရောက်လည်ပတ်ခဲ့သည်။ ယခုနှစ်တွင် မြဝတီနယ်စပ် ဂိတ်ပေါက်မှတစ်ဆင့် ပြည်တွင်းသို့ E- Visa ဖြင့် ၀င်ရောက်လည်ပတ်သူ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။
E- Visa ဖြင့် နိုင်ငံပေါင်း ၆၀ ကျော်မှ ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်လျက်ရှိပြီး စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ် ၂၅ ရက်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ ပြည်တွင်းသို့ E- Visa အပါအဝင် ဗီဇာပါရှိ သော Passport Visa ဖြင့် ၀င်ရောက်လည်ပတ်သူ ၁၄၇၁၅ ဦး ရှိခဲ့ပြီးထိုင်းနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာသူမှာ ၁၃၇၅၂ ဦး ရှိကြောင်း သိရသည်။
ထို့အတူ Passport Visa ဖြင့် ၀င်ရောက် လည်ပတ်သူ ယခုနှစ်တွင် ပိုမိုများပြားလာပြီး မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ပြည်တွင်းသို့ ၀င်ရောက်သူ တတိယနိုင်ငံသား ၈၉၁၅ ဦး၊ ထိုင်းနိုင်ငံသား ၅၇၉၉ ဦး ရှိခဲ့ပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာသူ တတိယနိုင်ငံ သား ၈၃၄၈ ဦး၊ ထိုင်းနိုင်ငံသား ၅၅၁၁ ဦး ရှိကြောင်း သိရသည်။
မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ Passport Visa ဖြင့် ထွက်ခွာမှုတွင် မြန်မာနိုင်ငံသား အများဆုံးဖြစ်ကာ ယခုနှစ် ဒီဇင်ဘာလကုန်အထိ အမျိုးသား၊ အမျိုးသမီး ၁၃၇၅၃ ဦး ထွက်ခွာခဲ့သော်လည်း ပြန်လည်ဝင်ရောက်သူ ၈၆၀၈ ဦးသာရှိကြောင်း သိရသည်။