စက်သုံးဆီဈေး အနည်းငယ် ပြန်တက်


04 March, 2019

ပြည်တွင်း စက်သုံးဆီဈေးဟာ ဖေဖော်ဝါရီလလယ်က စပြီး ဆက်တိုက်မြင့်တက်နေကာ ၁၀ ရက်အတွင်း စက်သုံးဆီအမျိုးအစားတစ်ခုချင်းအလိုက် တစ်လီတာလျှင် ၁၀ ကျပ်နှုန်း ဈေးတက်ခဲ့ကြောင်း ဈေးကွက်စာရင်းများအရသိရပါတယ်။


မတ်လ ၁ ရက်မှာ ရန်ကုန်အထိုင်ဈေးကွက်ရှိ စက်သုံးဆီ အရောင်းဆိုင်အများစု၌ အောက်တိန်း- 92 တစ်လီတာလျှင် ကျပ် ၇၃၀၊ အောက်တိန်း-95 တစ်လီတာလျှင် ၈၂၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၉၂၀ နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၉၃၀ နှုန်း ရောင်းချခဲ့ပါတယ်။

‘‘ကမ္ဘာ့ရေနံစိမ်းဈေး အပြောင်းအလဲက ပြည်တွင်းကို လာရိုက်ခတ်တာပါ။ ခရီးသွားရာသီလည်း ရောက်လာတော့ ဈေးနှုန်းအတက်ဘက်မှာ ဆက်ရှိနေဖို့များတယ်’’ ဟု စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

 ကမ္ဘာ့ရေနံစိမ်းဈေးဟာ ၁၀ ရက်အတွင်း လေးဒေါ်လာခန့် မြင့်တက်ခဲ့ပါတယ်။

7day daily


Myanmar Industry Directory

Local News Read 424 times