သင်္ကြန်ပိတ်ရက်မတိုင်မီ စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ကားစင်းလုံး ငှားရမ်းခနှုန်းထားများ တိုးမြှင့်ဖို့ရှိကြောင်း ကားအငှားဝန်ဆောင်မှု လုပ်ငန်းပိုင်ရှင်အချို့က ပြောပါတယ်။
သင်္ကြန်ပိတ်ရက် ကားငှားရမ်းခကို မသတ်မှတ်ရသေးပေမယ့်လည်း လက်ရှိ စက်သုံးဆီဈေးကြောင့် ယခင်နှစ်တွေထက် ကားငှားခ တိုးမြှင့်ရမယ့် အခြေအနေရှိနေပါတယ်။
လက်ရှိမှာ ကားငှားရမ်းခကို ပုံမှန်ထက် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ရှိနေပြီး ဈေးကွက်အပေါ် မူတည်ကာ အပြောင်းအလဲရှိနိုင်ပါတယ်။ အရင်တစ်ရက်က တစ်သိန်းဆိုရင် တစ်သိန်းနှစ်သောင်းလောက် ဖြစ်သွားနိုင်ပါတယ်။
ဒီလို ကားငှားရမ်းခတိုးမြှင့်ပေမယ့်လည်း ငှားရမ်းတဲ့အရေအတွက် သိသာစွာလျော့နည်းသွားမှာတော့မဟုတ်ပါဘူး။ ခရီးသွားကတော့ရှိနေမှာပါ။ ကားစီးရေမလုံလောက်မှာပဲ စိုးရိမ်ရပါတယ်။ ဈေးတက်တာကလည်း မဖြစ်သာလို့ဆိုတာ ခရီးသည်တွေ နားလည်ပေးမှာပါ လို့ တစ်ပိုင်တစ်နိုင်တစ်ပိုင်ကားစင်းလုံးငှား လုပ်ငန်းလုပ်ကိုင်နေသူ ဦးအေးပိုင်က ဆိုပါတယ်။
ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းဟာ ဖေဖော်ဝါရီလလယ်ကစပြီး တောက်လျှောက်မြင့်တက်နေခြင်းကြောင့် အဝေးပြေးခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းများလည်း သင်္ကြန်ပိတ်ရက်ယာဉ်စီးခနှုန်း သတ်မှတ်ဖို့ အခက်အခဲရှိနေတယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူများက ပြောကြားထားပါတယ်။
7day daily