စက်သုံးဆီဈေး ထပ်ကျ


05 November, 2018

ကန်ဒေါ်လာလဲနှုန်း အမြင့်ဈေးတွင် ရှိနေသော်လည်း ပြည်တွင်းစက်သုံးဆီဈေး ထပ်မံကျဆင်းလာသည်။နိုဝင်ဘာ ၃ ရက်တွင် ရန်ကုန်ဈေးကွက်၌အောက်တိန်း -92 တစ်လီတာလျှင် ၁,၀၂၅ ကျပ် (တစ်ဂါလန် ၄,၆၁၂ ကျပ်)၊ အောက်တိန်း -95 တစ်လီတာ လျှင် ၁,၀၇၅ ကျပ်(တစ်ဂါလန် ၄,၈၃၇ ကျပ်)၊ ဒီဇယ်တစ်လီတာ လျှင် ကျပ် ၁,၀၈၀ (တစ်ဂါလန် ကျပ် ၄,၈၆၀) ၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁,၀၈၅ ကျပ် (တစ်ဂါလန် ၄,၈၈၂ ကျပ်) နှုန်း ရှိခဲ့ပါတယ်။

အဆိုပါ ဈေးနှုန်းအရ စက်သုံးဆီ အမျိုးအစားအားလုံး နိုဝင်ဘာ ၁ ရက်ကထက် တစ်လီတာလျှင် ၁၀ ကျပ်စီ ထပ်မံကျဆင်းခြင်းဖြစ်ကာ အောက်တိန်းဆီနှစ်မျိုးသည် နှစ်ပတ်အတွင်း တစ်လီတာလျှင် ကျပ် ၄၀ (တစ်ဂါလန် ကျပ် ၁၈၀ )နှင့် ဒီဇယ်ဆီနှစ်မျိုးမှာ ကျပ် ၃၀ (တစ်ဂါလန် ၁၃၅ ကျပ်)စီကျဆင်းခဲ့ခြင်း ဖြစ်ပါတယ်။

စက်သုံးဆီဈေးဆက်တိုက် ကျဆင်းနေသော်လည်း ကန်ဒေါ်လာငွေလဲနှုန်းမှာ နိုဝင်ဘာ ၃ ရက်၌ တစ်ဒေါ်လာလျှင် ၁,၅၉၃ ကျပ်ရှိ၍လွန်ခဲ့သည့် နှစ်ပတ်ကထက် တစ်ဒေါ်လာလျှင် ရှစ်ကျပ် မြင့်တက်ခဲ့ပါတယ်။

 ‘‘ဒေါ်လာဈေး ပြန်ကျခဲ့တဲ့အရှိန်နဲ့ စက်သုံးဆီဈေးက အခုရက်ပိုင်းတွေမှာ ဖြည်းဖြည်းချင်း ပြန်ကျနေပေမယ့် ဒေါ်လာဈေးက နည်းနည်းစီပြန်တက်နေတော့ ဆီဈေးကဘာဆက်ဖြစ်မယ်ဆိုတာ မှန်းရခက်တဲ့ အနေအထား ပြန်ဖြစ်နေတယ်’’ဟု စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောခဲ့ပါတယ်။

ကန်ဒေါ်လာလဲနှုန်းရက်ပိုင်းအတွင်း အနည်းငယ်ပြန်တက်လာသော်လည်း ကမ္ဘာ့ရေနံစိမ်း ဈေးကျဆင်းနေ၍ စက်သုံးဆီဈေး ပြန်တက်နိုင်ဖွယ်မရှိသေးကြောင်း ဈေးကွက်ကျွမ်းကျင်သူ အချို့ကဆိုခဲ့ပါတယ်။ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် နိုဝင်ဘာ ၃ ရက်က တစ်စည်လျှင် ၇၂ ဒေါ်လာခန့်ရှိခဲ့ပြီး အောက်တိုဘာ လကုန်ပိုင်းကထက် တစ်စည်လျှင် ငါးဒေါ်လာ ခန့် ကျဆင်းခတယ်လို့လဲ သိခဲ့ရပါတယ်။

7 day daily

Local News Read 1166 times