စက်သုံးဆီဈေးနှုန်းများ ကျဆင်းစေရန်အတွက် ကြိုးစားဆောင်ရွက်ရာတွင် စက်သုံးဆီဆိုင်ပိုင်ရှင်အချို့ ကြိုက်နှစ် သက်မှုမရှိသည့်အတွက် စက်သုံးဆီဈေးနှုန်းများ ကျဆင်းစေရန်ရည်ရွယ်ကာ နိုင်ငံတော်မှဆိုင်မြေနေရာများကို ဈေးနှုန်း သက်သာစွာဖြင့် ချထားပေးခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၂၆ ရက်၌ ပြောဆိုသည်။
စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုကြောင့် ဇင်ဘာဘွေနှင့် ပြင်သစ်နိုင်ငံတို့တွင် လူထုအြွုံက ဆန္ဒပြမှုများဖြစ်ပွားခဲ့ရပြီး မြန်မာနိုင်ငံ၌လည်း စက်သုံးဆီဈေးတက်ခဲ့သည့် ကာလတွင် ဆန္ဒ ပြမှုများဖြစ်ပေါ်ခဲ့သည်။
"ဓာတ်ဆီ ဒီဇယ်ဈေးမကျသင့်ဘူးလား။အခုဇင်ဘာဘွေမှာ ဆန္ဒြုပပွဲဖြစ်တယ်။ မကြာ သေးခင် ၁၅ ရက်၊ ရက် ၂၀ကို ပြန်ကြည့်ရင် ပြင်သစ်မှာ စက်သုံးဆီဈေးတက်လို့ လနဲ့ချီပြီး ဆန္ဒပြခဲ့ကြတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ရွှေဝါရောင်မတိုင်ခင်မှာ ဓာတ်ဆီဒီဇယ်ဈေးတက် လို့ ပြဿနာဖြစ်ဖူးတယ်။ သမိုင်းအခြေအနေ မှန်ပဲ၊ သိတယ်။ ကျွန်တော်တို့ ဓာတ်ဆီ ဒီဇယ် ဈေးကျရေးကို မလုပ်သင့်ဘူးလား၊ အဲဒီဈေးကျ အောင်လုပ်လို့ရှိရင် ဆီဆိုင်ပိုင်ရှင်တော်တော် များများက မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကျရင် ကိုယ်မမြတ်ဘူးဆိုတဲ့ အမြင်၊ ကျွန်တော်ပြောတာက အလှူပေးတာမဟုတ် ဘူး။ စီးပွားရေးလုပ်တာ အမြတ်ယူရမှာဖြစ်ပေ မယ့် သင့်တင့်တဲ့ အမြတ်နှုန်းလောက်ပဲရောင်းပါ။ အဲဒီအတွက် နိုင်ငံတော်ကနေ ဆိုင်တွေကို ဈေးသက်သက်သာသာနဲ့ ပေးထားခဲ့တာဖြစ်ပါ တယ်"ဟု ၎င်းက ပြောဆိုသည်။
မြင့်မားသည့် မြေငှားရမ်းခဈေးနှုန်းများ ကြောင့် စက်သုံးဆီများကို လုပ်ငန်းရှင်များမှ ပြည်သူများကို ပြန်လည်ရောင်းချရာတွင် ဈေးနှုန်းကြီးမြင့်မှုများ ရှိလာနိုင်သည့်အတွက် စက်သုံးဆီဈေးများကျဆင်းရန် ရည်ရွယ်ကာ ဆိုင်များကို ဈေးသက်သက်သာသာဖြင့် ချပေး ထားခဲ့ခြင်းဖြစ်သည်။
ရည်ရွယ်လုပ်ဆောင်
စက်သုံးဆီ ဈေးနှုန်းများမြင့်တက်လာသည် နှင့် တစ်ပြိုင်နက် ကုန်စည်သယ်ယူပို့ဆောင်ခ ဈေးနှုန်းများ မြင့်တက်လာနိုင်သည့်အတွက် စက်သုံးဆီဈေးနှုန်းများကျဆင်းရန် ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
"ဘာကြောင့်ပေးတာလဲဆိုတော့ ဆိုင်ဖိုး ပေါင်းရမယ်။ ဥပမာ ဒီမှာပွဲလုပ်နေမယ်။ ဒီရှေ့မှာ မုန့်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ လေးသိန်း ပေးမှ ဆိုင်ပေးဖွင့်မယ်ဆိုရင် ရောင်းတဲ့လူက ဒီလေးသိန်းကို သူရောင်းမယ့် ပစ္စည်းထဲမှာ အရင်းကျေအောင်တင်မှာပဲလေ။ ဒါမှသာသူ တွက်ခြေကိုက်မှာဖြစ်တယ်။ သူက အလှူလာ ပေးတာမဟုတ်ဘူး။ သူစီးပွားရေးလာလုပ်တာ၊ ကျွန်တော်တို့က ဆိုင်ဖိုးကို အနည်းဆုံးဈေးနဲ့ ပေးတာက ဘာကြောင့်လဲဆိုတော့ ဆီဈေးကျစေ ချင်လို့၊ အဲဒီဆိုင်တော့ယူပြီး လက်ကုန်နှိုက်မယ် ဆိုရင်တော့ မဖြစ်သေးဘူး။ ဒါစဉ်းစားရမယ်။ အဲဒါကို စဉ်းစားတာက ရန်ကုန်မြို့သူ မြို့သား တွေအတွက်လား ဦးဖြိုးမင်းသိန်းအတွက်လား ဆိုတော့ မဟုတ်ဘူး။ ကျွန်တော်တို့ တစ်နိုင်ငံ လုံးရဲ့ ကုန်စည်စီးဆင်းမှုတွေအားလုံးက စီးပွားရေး သုံးပုံတစ်ပုံက ရန်ကုန်ကဦးဆောင် နေတာ၊ ဒီနေရာကနေ ကုန်စည်တွေစတယ်။အဲဒီကုန်စည်တွေ ဈေးတက်မှာပေါ့။ logistic ဈေးတက်တယ်၊ ဆီဖိုးဈေးကြီးတယ်၊ ကုန်ကား တွေ အကုန်လုံးက ပိဿာဈေးတွေကအစ ပြောင်းရမယ်။ သူတို့လည်း စီးပွားရေးလုပ်တာ။ ဒီလိုအခြေအနေမျိုးတွေကို လူငယ်မျိုးဆက် သစ်တွေက ဘယ်လိုဖြေရှင်းဆောင်ရွက်သွား သင့်သလဲ"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
Yangon Petrol စက်သုံးဆီဆိုင်များ အတွက် မြေနေရာချထားမှုနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ ပြင်ပမြေ ဈေးနှုန်းပေါက်ဈေးထက် လွန်စွာသက်သာ နေခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းတွင် ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။ရန်ကုန်မြို့အနှံ့တွင့်Yangon Petrol စက်သုံးဆီ ၂၆ ဆိုင်ဖွင့်လှစ်ရန် လျာထားပြီး လက်ရှိအချိန်၌ ဆိုင်နှစ်ဆိုင်ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ဆိုင်ဖွင့်ထားသည့် မြေနေရာအများ စုမှာ နိုင်ငံပိုင်မြေများပေါ်တွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ပွင့်လင်းမြင်သာမှု၊ ငှားရမ်းသည့်ကာလ အပိုင်းအခြား၊ အကျိုးအမြတ်များကို ပြည်သူ များသိရှိရန်အတွက် မကြာမီပြန်လည်ကျင်းပ မည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်း သွားမည်ဖြစ်ကြောင်း သိရသည်။