ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် စက်သုံးဆီကုမ္ပဏီအ ချို့ ပူးပေါင်း၍ ဆီဈေးကျဆင်းရေး ဆောင်ရွက်ရန်ရှိကြောင်း လုပ် ငန်းရှင်အချို့က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အ စိုးရက YP ကုမ္ပဏီအားစက်သုံး ဆီဈေးလျှော့ရောင်းရန် ထောက် ပံ့ပေးပြီးနောက် အခြားစက်သုံးဆီ ကုမ္ပဏီများကလည်း ပူးပေါင်း ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ၎င်းတို့ကဆိုသည်။
စက်သုံးဆီဈေးကျဆင်းရေး ပူးပေါင်းဆောင်ရွက်ရန်ဆိုကာ ဖေဖော်ဝါရီ ၂၀ ရက်က Kyaw San စက်သုံးဆီကုမ္ပဏီနှင့်ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံ ဆွေးနွေးသည့်သတင်းကို ရန်ကုန် တိုင်း အစိုးရကထုတ်ပြန်ပြီးနောက် အလားတူပူးပေါင်း လုပ်ကိုင်မည့် စက်သုံးဆီကုမ္ပဏီများရှိကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
‘‘နောက်ထပ်စက်သုံးဆီကျ ဆင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ အတွက် ဘယ်လိုလုပ်နိုင်မလဲဆို ပြီး ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်တင် ထားတဲ့ ကုမ္ပဏီရှစ်ခုလောက်ရှိ သေးတယ်လို့ သိရတယ်။ ဘယ် လိုပူးပေါင်းလုပ်ကိုင်မယ်ဆိုတာ ကတော့ တစ်ယောက်နဲ့ တစ် ယောက် တင်ပြပုံချင်းတူချင်မှတူ မယ်’’ ဟု အမည်မဖော်လိုသူစက် သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ဦးဖြိုးမင်းသိန်းနှင့် သွား ရောက်တွေ့ဆုံသည့် Kyaw San ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ယင်းတွေ့ဆုံမှုတွင်မည်ကဲ့သို့ ပူး ပေါင်းလုပ်ကိုင်မည်ဆိုသည့် သ ဘောတူညီချက်ရရှိထားခြင်းမရှိ သေးဟု ဆိုသည်။
ယင်းသို့ တွေ့ဆုံဆွေးနွေး သည့်အကြောင်းအရာနှင့် အခြား စက်သုံးဆီကုမ္ပဏီများနှင့် တွေ့ ဆုံရန်ရှိသည်ဆိုသည့် သတင်း အ တည်ပြုနိုင်ရန် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ရှိသူ များနှင့် တွေ့ဆုံခွင့်မရပေ။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရသည် ၂၀၁၈ နှစ်ကုန်ပိုင်းက YP စက်သုံးဆီကုမ္ပဏီအား ဆီဈေး နှုန်းလျှော့ချရောင်းရန် သဘော တူညီချက်ဖြင့် နိုင်ငံပိုင်မြေကို သက်သာသော ဈေးနှုန်းဖြင့် ယင်း ကုမ္ပဏီ၏ စက်သုံးဆီအရောင်း ဆိုင်များ ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
ထို့အပြင် အခြားစက်သုံးဆီ ကုမ္ပဏီများအနေဖြင့် တိုင်းဒေသ ကြီးအစိုးရက သတ်မှတ်သော စက်သုံးဆီဈေး ကျဆင်းရေးမူအတိုင်း လိုက်ပါဆောင်ရွက်နိုင် ပါက YP ကဲ့သို့ထောက်ပံ့ ကူညီမှုမည်ဟု ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။
7 day daily