ဗေဒါပင်မှလက်မှုနှင့်ပရိဘောဂပစ္စည်းများထုတ်လုပ်ပြီးပြည်ပသို့တင်ပို့ရန်ကြိုးပမ်း


03 May, 2017

ဗီယက်နမ်နိုင်ငံသည်ဗေဒါပင်မှလက်မှုထည်နှင့်ပရိဘောဂထုတ်လုပ်သည့်ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရသည်။

ထို့ပြင်နှစ်စဉ်ဥရောပနှင့်အမေရိကသို့ဗေဒါထုတ်ကုန်များတင်ပို့ခြင်းကြောင့်ဒေါ်လာသန်းပေါင်းများစွာဝင်ငွေရရှိနေကြောင်းသိရသည်။

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူခြောက်ဦးမှာမကြာသေးမီကဗီယက်နမ် နိုင်ငံသို့သွားရောက်ကာဗေဒါပင်မှထုတ်ကုန်ပစ္စည်းများထုတ်လုပ်နေမှုကိုသွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

ထို့ပြင်ဗေဒါထူးချွန်သူငါးဦးကိုဦးဆောင်ကာဗီယက်နမ်နိုင်ငံသို့ဗေဒါထုတ်ကုန်များစီးပွားဖြစ်ထုတ်လုပ်နိုင်ရေး သင်တန်းတက်ရောက်လျက်ရှိကြောင်းသိရသည်။

ဗေဒါပင်များသည်မြန်မာနိုင်ငံဒေသအနှံ့အပြားတွင်ပေါက်ရောက်လေ့ရှိပြီးယင်းတို့ကိုအခြောက်လှန်း၊ကြိုးကျစ် ပြီးကြိမ်ကဲ့သို့လက်မှုထည်နှင့် ပရိဘောဂများထုတ်လုပ်နိုင်စွမ်းရှိကြောင်းသိရသည်။

ထို့ပြင်ယနေ့ခေတ်တွင်ဟိုတယ်ကြီးများတွင်ဗေဒါနှင့်ထုတ်လုပ်ထားသောလက်မှုထည်နှင့်ပရိဘောဂပစ္စည်းများကိုကျယ်ပြန့်စွာအသုံးပြုနေပြီဖြစ်ကြောင်းသိရသည်။

ဗေဒါပင်မှအသုံးအဆောင်ပစ္စည်းများထုတ်လုပ်လာနိုင်ခြင်းဖြင့်သဘာဝအရင်းအမြစ်များအလဟဿမဖြစ်စေဘဲ အသုံးချနိုင်မည်ဖြစ်သည့်အပြင် သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်ရာရောက်ကြောင်းသိရသည်။

Source:Myanmaralin

Export, Import Read 3143 times