မြန်မာ - တရုတ် စီးပွားရေးစင်္ကြ ံအတွက် အရေးပါတဲ့ ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းအတွက်လျှပ်စစ်ဓာတ်အားဝယ်ယူရေး စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆွေးနွေးမှုများ ပြီးမြောက်ပြီး အသိအမှတ်ပြုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါ ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ တည်ဆောက်မှာဖြစ်ပြီး ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့ကို အသုံးပြုကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှာဖြစ်ပါတယ်။
စီမံကိန်းအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်ဖြင့် Notice to Proceed ထုတ်ပေးခဲ့ပြီး မြန်မာ - တရုတ် စီးပွားရေးစင်္ကြ ံအတွက် အရေးပါတဲ့စီမံကိန်းတစ်ခုဖြစ်ကာ တည်ဆောက်ပြီးစီးပါက လျှပ်စစ်ဓာတ်အား ၁၃၅ မဂ္ဂါဝပ်ကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတော်ဓာတ်အားစနစ်ကို အထောက်အကူပြု ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Pyi Myanmar