ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ ကျင်းပမည်


27 December, 2018

အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲကို လာမည့်ဇန်နဝါရီ ၉ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့Lotte Hotel တွင် ပြုလုပ်မည် ဖြစ်ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(ရန်ကုန်)ထံမှ သိရပါတယ်။ယခုပြပွဲတွင် ပုံမှန်ကျောက်မျက်ရတနာ ရောင်းချခြင်းများအပြင် လေလံစနစ်လည်း ပါဝင်မည်ဖြစ်ရာ အရည်အသွေးကောင်း ကျောက်မျက်ရတနာများကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်သည်ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးသိန်းဝေဇော်က ပြောခဲ့ပါတယ်။

"မြန်မာနိုင်ငံကထွက်တဲ့ ရတနာမှန်သမျှ အသင့်ဝတ်နိုင်အောင် လုပ်ထားတာကို အဓိကထား ပြမှာဖြစ်ပါတယ်။ဒီနှစ်မှာ ထူးခြားတာ ပါလာပါတယ်။ သွေးပြီးသား အချောထည်ကိုလည်း ပြည်ပ တင်ပို့နိုင်အောင် ဒီပွဲမှာ ပြသရောင်းချပါမယ်"ဟု ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်း (ရန်ကုန်)၊ အတွင်းရေးမှုး(၁) ဒေါ်ကလျာပြည့်-ဝေသျှန်က ပြောသည်။မြန်မာနိုင်ငံသည် လက်ရှိအနေအထားတွင် ကျောက်မျက်ရတနာကို လတ်ဝတ်ရတနာအဆင့်ထိ နိုင်ငံတကာ ဈေးကွက်ရရှိရန် တက်လှမ်းနိုင်ခြင်း မရှိသေးပေ။ အစိုးရဦးဆောင်၍ နေပြည်တော်တွင် ပြသရောင်းချသည့် ပြပွဲများသည် အရိုင်းတုံးများကိုသာ ပြသရောင်းချခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းသည် မြန်မာနိုင်ငံက ထွက်သော် လည်း တရုတ်ပြည်၌သာ ဈေးကွက်ဖြစ်ထွန်းနေခြင်း ဖြစ်ပါတယ်။

ယခုနှစ်တွင် နိုင်ငံတကာကို ဝင်ရောက်ပြသခွင့် မပြုသေးခြင်း၏အကြောင်းရင်းမှာ မိမိပြည်တွင်းထွက် ပစ္စည်းများကို ပြည်ပက လာရောက်ဝယ်စေလိုသည့်အတွက်import ကို ဦးစားမပေးသေးဘဲexport ဦးစားပေးအနေ ဖြင့် စတင်လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ နောင်တွင် မြန်မာပြည်၌ လာရောက်ဝယ်ယူရာတွင် မြန်မာပြည်၏ ကျောက်မျက်ရတနာသာမက နိုင်ငံတကာ၏ ကျောက်မျက်ရတနာများကိုလည်း ဝယ်ယူရရှိနိုင်သည့် အနေအထားရောက်အောင် ပို့ကုန်ရော၊ သွင်းကုန်ပါ ကြိုးစားမည် ဖြစ်ကြောင်း ၎င်းက ပြောခဲ့ပါတယ်။

 "လက်ဝတ်ရတနာ ဒီဇိုင်းတွေနဲ့ပတ်သက်လို့ နိုင်ငံတိုင်းမှာ ကိုယ့်ရဲ့မူပိုင်ဟန်ဆိုတာရှိတယ်။ မြန်မာနိုင်ငံကိုလာတဲ့အခါမှာ မြန်မာပြည်ရဲ့ မူပိုင်ဟန်ဆိုတာကို လိုချင်တဲ့အတွက်ကြောင့် ပြန်လည်ရောင်းချဖို့အတွက် ဝယ်ယူသွားတာတွေလည်း ရှိပါတယ်။ အတိုင်းအတာတစ်ခုထိ ဈေးကွက်ရတယ်။ ဒီထက်ကြီးမားတဲ့ ဈေးကွက်ရအောင်ကတော့ ဒီဇိုင်းပိုင်းမှာရော၊ အရည်အသွေးထိန်းချုပ်မှုအပိုင်းမှာရော၊ ဈေးကွက်ရောင်းချမှုအပိုင်းမှာပါ အများကြီးလုပ်ဖို့ လိုပါသေးတယ်"ဟု ဒေါ်ကလျာပြည့်-ဝေသျှန်က ပြောခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တွင် ပြုလုပ်မည့် ပြပွဲသို့ တက်ရောက်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာရှိ မြန်မာသံရုံးများမှတစ်ဆင့် နိုင်ငံ ၃၇ နိုင်ငံက ကျောက်မျက်ရတနာ ကုန်သည်များကို ဖိတ်ကြားထားပြီး ပြည်တွင်း၌လည်း လူဦးရေ ၁၀çဝဝဝ ကျော် ဖိတ်ကြားထားသည်ဟု သိရသည်။"ပထမအကြိမ်တုန်းကလည်း နိုင်ငံခြားက လာရောက်ဝယ်သူတွေကို တရားဝင် နထစသမအ လုပ်လို့ရအောင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းက နထစသမအ လုပ်ထုံးလုပ်နည်းတွေကို တစ်ခါတည်း လုပ်ပေးလိုက်ပါတယ်။ ဒီပွဲမှာလည်း နိုင်ငံခြားက လာရောက်ဝယ်တဲ့သူတွေအတွက်ကို တစ်ခါတည်း သယ်ယူသွားလို့ရအောင် အကုန်လုံးစီစဉ်ဆောင် ရွက်ထားပါတယ်"ဟု ၎င်းက ဆိုခဲ့ပါတယ်။၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ပထမအကြိမ်ပြပွဲတွင် နိုင်ငံတကာ ကျောက်မျက်ကုန်သည် ၆၀ဝ ကျော်၊ ပြည်တွင်းက ၆၇၀ဝ ကျော်၊ စုစုပေါင်း ၇ဝဝဝ ကျော် တက်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉၀၀ဝဝဝ ကျော်နှင့် မြန်မာကျပ်ငွေ ၁၃၁၈၉ သိန်းကျော်ဖိုး ရောင်းချခဲ့ရပြီး နိုင်ငံတော် အခွန်ဘဏ္ဍာငွေများလည်း ပေးဆောင်ခဲ့ကြောင်း သိရပါတယ်။

Myanmar Time

Events & Exhibition Read 494 times