ဂျာမနီနိုင်ငံက ပင်လောင်းဒေသထွက် လက်ဖက်များကို ဝယ်ယူရန်ကမ်းလှမ်း


30 May, 2018

ရှမ်းပြည်နယ်၊ တောင်ပိုင်း ပင်လောင်းဒေသမှထွက်သည့် လက်ဖက်များကို ဂျာမနီနိုင်ငံရှိ ကုမ္ပဏီတစ်ခုက ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ထံမှ သိရပါတယ်။

ဂျာမနီနိုင်ငံရဲ့ ကုမ္ပဏီတစ်ခုက ပင်လောင်းဒေသကထွက်ရှိတဲ့ လက်ဖက်အရည်အသွေးကို သဘောကျပြီး နိုင်ငံတကာက လက်ခံနိုင်တဲ့ အဆင့်မီထုတ်လုပ်မှု၊ သန့် ရှင်းမှု၊ Organic ဖြစ်မှု စတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီရင် တစ်နှစ်ကို တန်ပေါင်းများစွာ ဝယ်ယူမယ်လို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော လက်ဖက်အများစုမှာ ဓာတုမြေသြဇာနှင့် ဓာတုကင်းလွတ်သဖြင့် စိုးရိမ်စရာမလိုကြောင်း လက်ဖက်ကုန်သည်များက ပြောကြားခဲ့ကြောင်း သိရပါတယ်။

ယင်းအပြင် ၂၀၁၆ ခုနှစ်ကတည်းက လက်ဖက်အသင်းအဖွဲ့တချို့က လက်ဖက်နှင့်ပတ်သက်သည့် သင်တန်းများပေးပြီး ကိုင်းဖြတ်နည်းများ ကျင့်သုံးလာခြင်းကြောင့် ယခင်က လက်ဖက်အကြမ်း ၅၀%၊ အချော ၅၀% ထွက်ရှိခဲ့ရာမှ ယခုအခါ အချော ၈၅ % အထိ ထွက်ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။

လက်ဖက်က မိရိုးဖလာလုပ်ငန်းပါ။ ပြည်တွင်းမှာပဲဖြန့်တာ။ လက်ဖက်ဈေးက တစ်ခါမှ ဈေးမြင့်မြင့်မရခဲ့ဘူး။ ဒီနှစ်မှာတော့ Green Tea လက်ဖက်စက်ရုံတွေလည်း စီးပွားဖြစ်လည်ပတ်နေကြပြီး ပြည်ပကိုပါ တင်ပို့နေကြပြီဆိုတော့ အကျိုးအမြတ်ခံစားလာရပါပြီဟု ပင်လောင်းမြို့ဒေသခံလက်ဖက်စိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

ပင်လောင်းမြို့မှထွက်ရှိသော လက်ဖက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့သို့ အဓိကတင်ပို့ရောင်းချနေရပြီး လက်ရှိလက်ဖက်အစို အညွန့်တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ နှင့် လက်ဖက်ခြောက်တစ်ပိဿာလျင် ငွေကျပ် ၃၀၀၀ မှ ၇၀၀၀ အထိရှိကြောင်း သိရပါတယ်။

 Myawaddy

Export, Import Read 494 times